သူတို့ ခေါ်ရာ

သူတို့ ခေါ်ရာ

အဲဒီမနက်က အခါတိုင်းနေ့တွေလိုပါပဲ။ မနက်စောစော ဝေလီဝေလင်းလောက်မှာ အိပ်ရာကနေ ထလို့ ဘုရားရှိခိုးကြရပါတယ်။ မကြာပါဘူး၊ သူ့နာမည်ကို အပြင်ဘက်ကနေ ခေါ်ပါတယ်။ ပစ္စည်းတွေ အသင့်ပြင်ထားဖို့ ပြောပါတယ်။ ဟုတ်ပါပြီ။ သူ့ကို ထောင်ဆီကို ခေါ်သွားတော့မှာပါပဲ။ ရင်းနှီးကျွမ်းဝင်နေသူတွေက သူ့ကို လာပြီး နှုတ်ဆက်ကြပါတယ်။ ‘သွားနှင့်ဦးတော့’ ဆိုတဲ့ သဘောမျိုးပါပဲ။

The Tanintharyi Times