ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ စစ်ကောင်စီနေပြည်တော်မှာတွေ့
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ စစ်ကောင်စီနေပြည်တော်မှာတွေ့

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ စစ်ကောင်စီအဖွဲ့တွေ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
SSPP ဘက်က ဒုတိယ ဥက္ကဌ (၁) ဗိုလ်ချုပ်ကြီး စဝ်ခေးတိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ တက်ရောက်လာတာကို တွေ့ရပါတယ်။
စစ်ကောင်စီ ဥက္ကဌက တိုင်ရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းပြီးနောက် လာရောက်တွေ့ဆုံခဲ့တဲ့ အဖွဲ့တွေထဲမှာ SSPP က ၁၀ ဖွဲ့မြောက် ဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ တွေ့ဆုံထားတဲ့ အဖွဲ့ တွေကတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA -PC၊ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ၊ မိုင်းလား NDAA၊ မွန်ပြည်သစ်ပါတီ NMSP၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU တို့ဖြစ်ပါတယ်။
SSPP အဖွဲ့ဟာ နောက်ရက်တွေမှာ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ ဆက်လက်တွေ့ဆုံမယ်လို့သိရပါတယ်။
The Tanintharyi Times