မြိတ်ဘက်ကနေ တရားမဝင်တင်ဆောင်လာတဲ့ဘီယာဗူးတွေကို ကစယ်ဒိုကျားတပ်ဖွဲ့ ဖျက်ဆီး
မြိတ်ဘက်ကနေ တရားမဝင်တင်ဆောင်လာတဲ့ဘီယာဗူးတွေကို ကစယ်ဒိုကျားတပ်ဖွဲ့ ဖျက်ဆီး
မြိတ်ဘက်က ဘီယာဗူးတွေ တရားမဝင် တင်ဆောင်လာတဲ့ကားတစ်စီးကို ဒီနေ့မနက်ပိုင်းကဖမ်းဆီးစစ်ဆေးပြီး ဖျက်ဆီးခဲ့တယ်လို့ ကစယ်ဒိုကျားတပ်ဖွဲ့(KPDF) ကပြောပါတယ်။
ဒီနေ့ မနက် ၈ နာရီ ၄၅ မိနစ်က ထားဝယ်-မြိတ်ကားလမ်းတစ်နေရာမှာ အခုလိုဖျက်ဆီးခဲ့တာပါ။
ကားပေါ်ပါလာတဲ့ ယိုးဒယားနိုင်ငံထုတ် လီယို(LEO) နဲ့ စင်းဂါး(SINGHA) တွေအားလုံးကိုဖျက်ဆီးခဲ့တာဖြစ်ပြီး ဘောက်ချာအရ တန်ဖိုး ကျပ်သိန်းတစ်ရာနီးပါးရှိတယ်လို့ဆိုပါတယ်။
“ဘီယာဖာတွေကို အပေါ်က မီးသွေးအိတ်တွေနဲ့ဖုံးအုပ်ပြီးတော့တင်ဆောင်လာတာပါ။ တရားမဝင်ပစ္စည်းဖြစ်လို့ဖျက်ဆီးခဲ့တာပါ ” ဟု လို့ ကစယ်ဒိုကျား အဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။
နောက်ထပ် တရားမဝင်ပစ္စည်းတွေသယ်ဆောင်လာရင် ဖျက်ဆီးမှာဖြစ်ပြီး ထပ်လုပ်ဆောင်မယ်ဆိုရင်လူကိုပါအရေးယူမယ်လို့ သူကဆိုပါတယ်။
ထားဝယ်-မြိတ်ကားလမ်းမပေါ်မှာ လမ်းအသုံးပြုမှုဆိုင်ရာသတိပေးချက်တွေထုတ်ပြန်ထားပြီး စစ်ဆေးတာမခံတဲ့ကားတွေပစ်ခတ်ခံရတဲ့ဖြစ်စဥ်တွေရှိခဲ့ဖူးပါတယ်။
The Tanintharyi Times
