မြိတ်ကနေ ဘုတ်ပြင်းဖက်ကိုလာတဲ့ စစ်ကောင်စီတပ်သားတွေကို KNLA ပူးပေါင်းအဖွဲ့တိုက်ခိုက်
မြိတ်ကနေ ဘုတ်ပြင်းဖက်ကိုလာတဲ့ စစ်ကောင်စီတပ်သားတွေကို KNLA ပူးပေါင်းအဖွဲ့တိုက်ခိုက်

မြိတ်ကနေ ဘုတ်ပြင်းကို လာတဲ့ စစ်ကောင်စီကား ၅ စီးပါယာဥ်တန်းကို တနင်္သာရီမြို့နယ်၊ ထုံခါးရွာသင်္ချိုင်းအနီး(ဒေသအခေါ်မပိုက်ချောင်)မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းအဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အဲဒီယာဥ်တန်းမှာ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်လိုက်ပါလာခဲ့တဲ့ယဥ်တန်းကို မနေ့ကညနေ ၅ နာရီ၂၀မိနစ်အချိန်ကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်ပစ်ခတ်မှု ၂၅ မိနစ်ဖြစ်ပွားခဲ့တယ်လို့ KNLA- TCSJF (Tiger Comando Special Joint Force) တပ်ဖွဲ့ကဆိုပါတယ်။
စစ်ကား ၅စီးမှာ ၃စီးကိုကြားဖြတ်တိုက်ခိုက်ခဲ့ချိန် ၂စီးကတော့ နောက်ပြန်လှည့်ပြေးသွားခဲ့တယ်လို့ အဖွဲ့ကပြောပါတယ်။
အခုလိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုများနိုင်ပြီး သေဆုံးမှုအသေးစိတ်ကိုအတည်ပြုဖို့စုံစမ်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။
သွားရောက်တိုက်ခိုက်ခဲ့တဲ့ KNLA-TCSJF အဖွဲ့ဘက်ကတော့ ထိခိုက်မှုတစုံတရာမရှိခဲ့ဘူးလို့သိရပါတယ်။
တနင်္သာရီတိုင်းထဲက ကော့သောင်း-မြိတ်-ထားဝယ် ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်တွေမကြာခဏတိုက်ခိုက်ခံရလေ့ရှိပါတယ်။
The Tanintharyi Times