ကော့သောင်းကထွက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၇ ဦး ရနောင်းမှာအဖမ်းခံရ

ကော့သောင်းကထွက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၇ ဦး ရနောင်းမှာအဖမ်းခံရ

ဓာတ်ပုံ - အမှတ် ၂၅ ခြေမြန်တပ်ရင်း

ကော့သောင်းမြို့ကနေ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကဒ်နဲ့ထွက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ရနောင်းခရိုင်ထဲမှာ ဖမ်းမိခဲ့တယ်လို့ ထိုင်းစစ်တပ်ရဲ့ အမှတ် ၂၅ ခြေ​မြန်တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။

မနေ့ကညနေပိုင်းမှာ ထိုင်းအာဏာပိုင်တွေ ကင်းလှည့်နေချိန် ရနောင်းခရိုင်ကနေ ဖန်ငခရိုင်ဘက်ကိုဦးတည်သွားနေတဲ့ကားကို သံသယရှိတာကြောင့် လိုက်လံဖမ်းဆီးခဲ့​တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကားကိုစစ်ဆေးချိန် ထိုင်းနိုင်ငံသား ယာဥ်မောင်းအမျိုးသမီးတစ်ဦးနဲ့ မြန်မာနိုင်ငံသား အမျိုးသား ၄ ဦး၊ အမျိုသမီး ၃ ဦးတို့ကိုတွေ့ရှိပြီး ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ ရနောင်းခရိုင်မှာ ၇ ရက်ကြာ နေထိုင်ခွင့်ပြုတဲ့ ယာယီခရီးသွားစာရွက်စာတမ်း (Border Pass) နဲ့ရောက်ရှိလာသူတွေဖြစ်တယ်လို့သိရပါတယ်။

သူတို့ဟာ ဖန်ငခရိုင်ထဲကို တစ်ယောက်ခရီးစရိတ် ၁၈၀၀၀ ဘတ်နဲ့လိုက်ပါလာတာဖြစ်ပြီး သူတို့သွားချင်တဲ့​နေရာကိုရောက်ရင် အဲဒီငွေကိုပေးရမှာဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ ဖမ်းဆီးထားသူတွေကို ရနောင်းခရိုင် Suksamran ရဲစခန်းသို့ ပို့ဆောင်ပြီး ဥပဒေအရ အရေးယူသွားမယ်လို့ ဆိုထားပါတယ်။

The Tanintharyi Times