တနင်္သာရီတိုင်းမှာ သြဂုတ်အတွင်း စစ်ကောင်စီသတင်းပေးလို့ယူဆရသူနဲ့ပျူစောထီးအဖွဲ့ဝင် ၁၆ ဦးသေဆုံး
တနင်္သာရီတိုင်းမှာ သြဂုတ်အတွင်း စစ်ကောင်စီသတင်းပေးလို့ယူဆရသူနဲ့ပျူစောထီးအဖွဲ့ဝင် ၁၆ ဦးသေဆုံး

တနင်္သာရီတိုင်းအတွင်းက မြို့နယ် လေးခုမှာ သြဂုတ်လအတွင်း စစ်ကောင်စီခန့်ရာအိမ်မှူးနှစ်ဦးအပါအဝင် ပျူစောထီးအဖွဲ့ဝင်နဲ့ စစ်ကောင်စီသတင်းပေးလို့ယူဆရသူ ၁၆ ဦးထက်မနည်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
အဲပီပစ်ခတ်ခံရမှုတွေဟာ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်၊ သရက်ချောင်းမြို့နယ်နဲ့ မြိတ်မြို့နယ်တွေမှာဖြစ်ပွားခဲ့တာပါ။
လောင်းလုံးမြို့နယ်မှာ တစ်လအတွင်း စခန်းကြီးကျေးရွာ ၊သဘော့ဆိပ်ကျေးရွာ နဲ့ ကဒက်ကြီးကျေးရွာအုပ်စု ဝက်သားကင်ကျေးရွာတွေက စစ်ကောင်စီသတင်းပေးလို့ယူဆရသူနဲ့ပျူစောထီးအဖွဲ့ဝင် ၃ ဦးပစ်သတ်ခံခဲ့ရပါတယ်။
သရက်ချောင်းမြို့နယ်မှာတော့ ရေချိုချောင်းကျေးရွာ ၊ ကြာအင်းကျေးရွာ ၊ ကင်းရှေ့ကျေးရွာ နဲ့ မော်ရှည်ကုန်းရပ်ကွက်တွေက စစ်ကောင်စီသတင်းပေးဆိုသူ ၄ ဦးပစ်သတ်ခံခဲ့ရပါတယ်။
ရေဖြူမြို့နယ်မှာတော့ မူးဒူး၊ ဧကနိ၊ ပုဂေါဇွန်း ၊ ရငဲ ၊ ဘဝါကမ်းခြေ ကျေးရွာတွေက စစ်ကောင်စီသတင်းပေးလို့ယူဆရသူနဲ့ပျူစောထီးအဖွဲ့ဝင် ၇ ဦး ပစ်သတ်ခံခဲ့ရပါတယ်။
မြိတ်မြို့နယ်မှာလည်း ကန်ကြီးရပ်ကွက်နဲ့ အောင်ချမ်းသာရပ်ကွက်တွေက ရာအိမ်မှုးနှစ်ဦး ၁၈ရက်နဲ့ ၂၃ ရက်တွေမှာ ပစ်သတ်ခံခဲ့ရပါတယ်။
ပစ်ခတ်ခံရတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီသတင်းပေးဆိုသူတွေရဲ့အချက်အလက်တွေကို ဒေသခံတွေရဲ့ ပြောဆိုမှုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ထုတ်ပြန်ချက်တွေကိုအခြေခံ ပြုစုထားတာပါ။
ဇူလိုင်လ အတွင်းမှာလည်း တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးတစ်ဦးအပါအဝင် ပျူစောထီးနဲ့ စစ်ကောင်စီသတင်းပေး ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
The Tanintharyi Times