ချင်းပြည်နယ်၊ ပလက်ဝ မှာ ကျောင်းကြိုပို့စက်လှေကို စစ်ကောင်စီတပ်ပစ်ခတ်၊ အသက် ၁၂ နှစ်အရွယ် ကျောင်းသားနှစ်ဦးသေဆုံး

ချင်းပြည်နယ်၊ ပလက်ဝ မှာ ကျောင်းကြိုပို့စက်လှေကို စစ်ကောင်စီတပ်ပစ်ခတ်၊ အသက် ၁၂ နှစ်အရွယ် ကျောင်းသားနှစ်ဦးသေဆုံး

ဓာတ်ပုံ - AA

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ကျောင်းကြိုပို့စက်လှေကိုစစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၁၂ နှစ်အရွယ် ကျောင်းသားနှစ်ဦးသေဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။

သြဂုတ်လ ၂ ရက်နေ့၊ မွန်းလွဲ တစ်နာရီခွဲဝန်းကျင်က ပလက်ဝမြို့နယ်၊ တူးမဝ(တုံးမဝ) ကျေးရွာ မှ ကျောင်းတက်ပြီး ပြန်လာတဲ့ ကျောင်းကြိုပို့စက်လှေကို နှမဒါကျေးရွာစေတီကုန်းမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ စက်လက်တွေနဲ့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသားနှစ်ဦးသေဆုံးခဲ့တဲ့အပြင် လှေပေါ်လိုက်ပါလာတဲ့ ကျောင်းသား၊ ကျောင်းသူတချို့နဲ့ ကျောင်းစောင့်တို့ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) ကလည်း ပြင်းထန်စွရှုတ်ချကြောင်းနဲ့ အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုဖော်ထုတ်ချိန်မှာ တရားမျှတမှုရရှိရေးဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times