တီမောလက်စတေးနိုင်ငံသမ္မတကို NUGက ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကား ပေးအပ်

တီမောလက်စတေးနိုင်ငံသမ္မတကို NUGက ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကား ပေးအပ်

ဓာတ်ပုံ - Ministry of Foreign Affair- Myanmar NUG

မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အရှေ့တီမောကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ နိုင်ငံခြားရေးဝန်ကြီးက တီမောလက်စတေးနိုင်ငံသမ္မတကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကားပေးအပ်ခဲ့တယ်လို့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ရဲ့ အဆိုပါ ခရီးစဉ်ဟာ တီမောလက်စတေး နိုင်ငံသမ္မတရဲ့ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့တာပါ။ တွေ့ဆုံပွဲကို နိုင်ငံခြားရေးဝန်ကြီး အပါအဝင် NUGရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့် ပါ တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် တီမောလက်စတေးနိုင်ငံရဲ့ အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

The Tanintharyi Times