သဘော့ဆိပ်ကျေးရွာတွင် ပျူစောထီးလို့ နာမည်ကျော်စောသူသေနတ်ဖြင့်ပစ်ခံရ
သဘော့ဆိပ်ကျေးရွာတွင် ပျူစောထီးလို့ နာမည်ကျော်စောသူသေနတ်ဖြင့်ပစ်ခံရ
လောင်းလုံမြိုနယ်၊ သဘော့ဆိပ်ကျေးရွာမှာ ပျူစောထီးလို့နာမည်ကျောစောသူဦးရဲကို သေနတ်နဲ့အပစ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက် ၈ နာရီဝန်းကျင်မှာ အမည်မသိအဖွဲ့တစ်ဖွဲ့က ဦးရဲကို ကို သေနတ်နဲ့လာရောက် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ဦးရဲကိုဟာ အသက် ၃၀ ကျော်အရွယ် ပါ။ သူ့ရဲ့ပေါင်ကိုပဲ သေနတ်ကျည်နှစ်ချက်ထိခဲ့တာဖြစ်ပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ရွာခံတစ်ဦးက ဆိုပါတယ်။
မနေ့ကလည်း လောင်းလုံး သာဂရမြို့ဟောင်းမှာ မဝတဒုဥက္ကဌဟောင်းသားအဖ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။
