အတာသင်္ကြန်ပွဲကို သပိတ်မှောက်ကြဖို့ ထားဝယ်ခရိုင်သပိတ်ကော်မတီတောင်းဆို

အတာသင်္ကြန်ပွဲကို သပိတ်မှောက်ကြဖို့ ထားဝယ်ခရိုင်သပိတ်ကော်မတီတောင်းဆို

ဓာတ်ပုံ - ထားဝယ်မြို့က ဗဟိုမဏ္ဍပ်(ပုံဟောင်း)

စစ်ကောင်စီက ကျင်းပပြုလုပ်တဲ့ သင်္ကြန်ပွဲကိုပါဝင်ဆင်နွှဲခြင်းမပြုကြဘဲ သပိတ်မှောက်ကြဖို့ ထားဝယ်ခရိုင်သပိတ်ကော်မတီက ဒီနေ့ရက်စွဲနဲ့ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ်အသီးသီးမှာ စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်တွေတည်ဆောက်နေပြီး ၂၀၂၂ခုနစ်ရဲ့ အတာသကြန်ပွဲတော်ကိုကျင်းပဖို့ပြင်ဆင်နေကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ တော်လှန်ရေးလှုပ်ရှားမှုတွေ အရှိန်လျှော့သွားအောင် ပျော်ပွဲရွှင်ပွဲတွေနဲ့အစားထိုးလုပ်ဆောင်တာဖြစ်ပြီး စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာပြည်သူတွေငြိမ်ဝပ်ပိပြားနေကြောင်း ပြချင်တာဖြစ်တယ်လို့လည်း ထုတ်ပြန်စာမှာရေးသားထားပါတယ်။

စစ်ကောင်စီကပြင်ဆင်နေတဲ့သင်္ကြန်ပွဲတော်မှာမပါဝင်ကြဖို့အခြားတော်လှန်ရေးအင်အားစုအသီးသီးကလည်းတိုက်တွန်းထားကြပါတယ်။