ထောင်ပြေးများ
ထောင်ပြေးများ
တချို့တော့လည်း ဝေးဝေးမပြေးနိုင်လို့ ပြန်ဖမ်းမိပါတယ်။ အဲဒီအခါကျရင်တော့ ထိုးကြိတ်ဆုံးမပြီး တိုက်ပိတ်ထားတတ်ပါတယ်။ တစ်လလောက်နေတဲ့အခါ ပြန်ထုတ်ပြီး ဝန်ထမ်းပြန်လုပ်စေပါတယ်။ အမှုတွေဘာတွေ ဖွင့်ပြီး ရုံးတင်တာမျိုးတော့ လုပ်လေ့မရှိပါဘူး။ အဲသလိုလုပ်ရင် အထက်အရာရှိတွေဖြစ်တဲ့ ထောင်ပိုင်တွေပါ မီးခိုးကြွက်လျှောက် ပြဿနာပေါ်မှာကြောင့်ဖြစ်ပါတယ်။
တကယ်လို့ ရုံးတင်စစ်ဆေးပြီး ထောင်ချပစ်မယ်ဆိုရင်လည်း သိပ်တော့ အကြောင်းထူးမယ်မထင်ပါဘူး။ ထောင်ဝန်ထမ်းဟာ ထောင်ကျမှာကို တွေးပြီး ပူနေပါ့မလား။ မပြေးဘဲ ဝန်ထမ်းဆက်လုပ်နေရင်လည်း ထောင်ထဲမှာပဲ အိုတဲ့အထိ နေကြရမှာပဲမဟုတ်လား။ ဒီတော့လည်း ပြေးကြလေသတည်းပေါ့။
The Tanintharyi Times
