ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၆ သန်း သီရိလင်္ကာက မြန်မာကို လှူမယ်
ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၆ သန်း သီရိလင်္ကာက မြန်မာကို လှူမယ်
ဆယ်စုနှစ်တွေအတွင်းမှာ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနဲ့ နောက်ဆက်တွဲ နိုင်ငံရေး မတည်ငြိမ်မှုတွေ ကြုံနေရတဲ့ သီရိလင်္ကာဟာ သူတို့မှာရှိနေတဲ့ အမေရိကန်ထုတ် ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၆ သန်းကို မြန်မာနိုင်ငံကို လှူဒါန်းသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အဆိုပါ ဖိုက်ဇာအမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ လှူဒါန်းဖို့နဲ့ ပတ်သက်လို့ သဘောတူညီချက်ကို လာမယ့်သီတင်းပတ်မှာ လက်မှတ်ရေးထိုးသွားမယ်လို့ သီရိလင်္ကာ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
ယခုလို မြန်မာကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ လှူဒါန်းမယ့် အစီအစဉ်ကို ကမ္ဘာ့ကျန်းမာရေးဝန်ကြီးဌာနကနေတစ်ဆင့် လှူဒါန်းသွားမယ်လို့ သီရိလင်္ကာဘက်က ပြောပါတယ်။
သီရိလင်္ကာက ဝယ်ယူထားတဲ့ ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဟာ နောက်နှစ်လအတွင်းမှာ သက်တမ်းကုန်မယ်လို့လည်း သိရပါတယ်။
ကိုးကား – News 1st
The Tanintharyi Times
