ပုလောမှာ စစ်ကားနှစ်စီးမိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ

ပုလောမှာ စစ်ကားနှစ်စီးမိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ

WarCar
ပုံစာ - မိုင်းထိပြီးပျက်စီးသွားတဲ့ စစ်ကား။ဓာတ်ပုံ - MPA

ပုလောမြို့နယ်မှာ မနေ့ညက စစ်ကားနှစ်စီးမိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ပုလောမြို့နယ်၊ မင်းထိန်ရွာမှာ ဇွန်လ ၁ ရက်၊ ည ၉ နာရီဝန်းကျင်မှာ မြိတ်ဘက်ကလာတဲ့ စစ်ကားနှစ်စီးကိုမိုင်းနှစ်လုံးဆွဲပြီးတိုက်ခိုက်ခဲ့တယ်လို့ King Cobra -တောကြီးမြွေဟောက်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုကို King Cobra တပ်ဖွဲ့ကဦးဆောင်ပြီး Ghost Ranger တပ်ဖွဲ့၊ တနင်္သာရီပြောက်ကျားတပ်ဖွဲ့တို့ပါဝင်တဲ့မဟာမိတ်အဖွဲ့ကလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

မဟာမိတ်အဖွဲ့တွေအနေနဲ့အထိအခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။

The Tanintharyi Times