၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ၄၇၉ဦးကို စစ်ကောင်စီ အရေးယူထား
၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ၄၇၉ဦးကို စစ်ကောင်စီ အရေးယူထား
၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၄၇၉ဦးကို ဉပဒေအရ အရေးယူထားတယ်လို့ စစ်ကောင်စီခန့်အပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦးက မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဖမ်းဆီး၊ အရေးယူထားသူတွေထဲမှာ NLD အစိုးရလက်ထက်က ခန့်အပ်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင်တွေ၊ ရွေးကော်အဖွဲ့ခွဲ အဖွဲ့ဝင်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်ဟောင်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီအောင်နိုင်ရေးအဖွဲ့ဝင်တွေ ပါဝင်တယ်လို့ ဦးခင်မောင်ဦးက ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကို ကြီးကြပ်ဖို့ ပျက်ကွက်ခဲ့တယ်ဟုဆိုကာ ယခင်ရွေးကော်အဖွဲ့ခွဲအဆင့်ဆင့်က ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် ၂၄၁၇ ဦးကိုလည်း အရေးယူထားတယ်လို့ ၎င်းက ဆက်ပြောထားပါတယ်။
The Tanintharyi Times
