ထားဝယ်မှာ မိုးသက်လေပြင်းကျပြီး သစ်ပင်လဲကျတာနဲ့အမိုးလန်တာတွေဖြစ်ပွားခဲ့၊ မနက်ဖြန်မှာလည်း နေရာကွက်ပြီးမိုးကြီးနိုင်
ထားဝယ်မှာ မိုးသက်လေပြင်းကျပြီး သစ်ပင်လဲကျတာနဲ့အမိုးလန်တာတွေဖြစ်ပွားခဲ့၊ မနက်ဖြန်မှာလည်း နေရာကွက်ပြီးမိုးကြီးနိုင်
ထားဝယ်မှာ ဒီနေ့ညနေပိုင်းကမိုးသက်လေပြင်းကျရောက်ခဲ့ပြီး အမိုးလန်တာနဲ့ သစ်ပင်လဲကျတာတွေဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံကနေသိရပါတယ်။
ညနေ ၅ နာရီခွဲလောက်မှာလည်း ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်၊ နတ်မင်းကြီးလေးပါးရေကန်အနီးက သီလရှင်ကျောင်းဆောင် အမိုးပေါ်ကို မိုးသက်လေပြင်းဒဏ်ကြောင့် အုန်းပင်တစ်ပင်နဲ့ ကွမ်းသီးပင်တစ်ပင် လဲကျခဲ့တယ်လို့သိရပါတယ်။
ထားဝယ်ဒေသမှာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကစပြီး အချိန်အခါမဟုတ်မိုးရွာသွန်းနေတာဖြစ်ပါတယ်။
မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်အရ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ စစ်ကောင်စီရဲ့မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိသာရှိနိုင်ပြီး ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့်ဟာ ၄ ပေမှ ၆ပေခန့် ရှိနိုင်တယ်လို့ဆိုပါတယ်။
နောက် ၂ရက်အတွက်ခန့်မှန်းချက်ကတော့တနင်္သာရီတိုင်းအပါအဝင် ပြည််နယ်နဲ့တိုင်း ၁၂ ခုမှာ နေရာကွက်ကျားဖြစ်စေ နေရာကျဲကျဲဖြစ်စေ မိုးထစ်ချုန်းရွာမယ်လို့ မိုးဇလကခန့်မှန်းထားပါတယ်။
ဒီနေ့မနက်အထိကတော့ တနင်္သာရီတိုင်းထဲက မြိတ်မြို့နယ်မှာ မိုးရေချိန် ၀.၄၃ လက်မအထိရွာသွန်းခဲ့ပါတယ်။
The Tanintharyi Times
