လွှတ်တော်က အသုံးစရိတ်အတည်မပြုလို့ အမေရိကန် အစိုးရလုပ်ငန်းတွေရပ်ဆိုင်း၊ ရန်ကုန် အမေရိကန်ရုံး အပေါ်လည်းသက်ရောက်
လွှတ်တော်က အသုံးစရိတ်အတည်မပြုလို့ အမေရိကန် အစိုးရလုပ်ငန်းတွေရပ်ဆိုင်း၊ ရန်ကုန် အမေရိကန်ရုံး အပေါ်လည်းသက်ရောက်

လွှတ်တော်က အသုံးစရိတ်အတည်မပြုလို့ အမေရိကန် အစိုးရလုပ်ငန်းလည်ပတ်မှု တွေရပ်ဆိုင်း သွားတယ်လို့ နိုင်ငံတကာ သတင်းတွေမှာဖော်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စုအစိုးရ အသုံးစရိတ်အတွက် ဥပဒေကို လွှတ်တော်မှာ အတည်မပြုနိုင်သေးတာကြောင့် အစိုးရရဲ့ လုပ်ငန်းတွေ လည်ပတ်မှုရပ်ဆိုင်းသွားပြီး အမေရိကန်အစိုးရရဲ့ ဝန်ဆောင်မှုအချို့ကို ယာယီရပ်ဆိုင်းကုန်တယ်လို့ သိရပါတယ်။
အစိုးရလုပ်ငန်းလည်ပတ်မှု တွေရပ်ဆိုင်းခဲ့တာကြောင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် သံရုံး ကိုလည်း သက်ရောက်မှုရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးတဲ့ ကြားကာလ(lapse in appropriations) မှာ ပုံမှန် လုပ်ငန်းဆောင်တာများအပြည့်အဝ မဆောင်ရွက်နိုင်သေးဘူးလို့ အမေရိကန်သံရုံး (ရန်ကုန်) က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ရန်ကုန် အမေရိကန်သံရုံး ရဲ့ Facebook အကောင့်မှာလည်း ဘေးအန္တရာယ် နဲ့ လုံခြုံရေးဆိုင်ရာ အရေးပေါ်သတင်းအချက်အလက်များမှအပ အကြောင်းအရာသစ်တွေတင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
၂၀၁၈ ခုနှစ်မှာ လည်းလွှတ်တော်က ဘက်ဂျက်အတည်မပြုပေးလို့ အမေရိကန် အစိုးရ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခဲ့ပါသေးတယ်။
အမေရိကန်ပြည်ထောင်စု အစိုးရရဲ့ အသုံးစရိတ်ဥပဒေမူကြမ်းကို ကွန်ဂရက်လွှတ်တော်မှာ စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်ယံအချိန်ထိ ဆွေးနွေးခဲ့ကြပေမယ့် အတည်မပြုတဲ့အတွက် အစိုးရယန္တရား တစ်ခုလုံး ရပ်ဆိုင်းသွားခဲ့တာဖြစ်ပါတယ်။
ဒီဥပဒေမူကြမ်းကို အတည်ပြုဖို့ဆိုရင် လွှတ်တော်မှာ မဲ ၆၀ လိုအပ်နေပြီး ရီပတ်ဘလီကန်အမတ် ၅၃ နေရာ က ထောက်ခံထားပေမယ့် ဒီမိုကရက်ပါတီက အမတ်တွေဆီက မဲလည်းလို အပ်နေတာဖြစ်ပါတယ်။
Connect Burma
The Tanintharyi Times