ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ဘုရင် က ထောင်ဒဏ် ၇ နှစ် လွတ်ငြိမ်းချမ်းသာခွင့်ပြု

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ဘုရင် က ထောင်ဒဏ် ၇ နှစ် လွတ်ငြိမ်းချမ်းသာခွင့်ပြု

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ထိုင်းဘုရင်မဟာဝိဇယလောင်ကွန်းက စက်တင်ဘာလ ၁ ရက်‌နေ့မှာ ထောင်ဒဏ် ၇ နှစ်လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်‌ကြောင်း ဘန်ကောက်အခြေစိုက် သတင်းဌာနတွေကဖော်ပြထားပါတယ်။

ပြည်ပကို ၁၇ နှစ်ကျော်ကြာထွက်ပြေးတိမ်းရှောင်နေတဲ့ သက်ဆင်ကို ထိုင်းတရားရုံးက အဂတိမှုတွေနဲ့ ထောင်ဒဏ် ၈ နှစ် ချမှတ်ထားပြီး ထိုင်းဘုရင်မဟာဝိဇယလောင်ကွန်းက ထောင်ဒဏ်၇ နှစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာကြောင့် တစ်နှစ်သာ ကျခံရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ပြည်တော်ပြန်ဝင်လာတဲ့ ဩဂုတ်လ ၂၂ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် လျောက်ထားခဲ့ဝာာဖြစ်ပြီးဒီကနေ့မှာတော့ ဘုရင်က ထောင်ဒဏ်၇ နှစ်လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တာဖြစ်တယ်လို့ ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။

ထိုင်းဝန်ကြီးဟောင်းသက်ဆင်ဟာ ထိုင်းနိုင်ငံကိုပြည်တော်ပြန်ဝင်ပြီး နေ့တွင်းချင်း ဆေးရုံတက်ခဲ့ရပြီးကျန်းမာရေးစစ်ဆေးချက်‌တွေအရ သက်ဆင်မှာ နှလုံးနဲ့ အဆုတ်ရောဂါများအပါအဝင် ရောဂါ ၅ ခုအထိ ခံစားနေရပြီး လို့ အကျဉ်းဦးစီးဌာန က ထုတ်ပြန်ထားပါတယ်။

ကိုးကား – ဘန်ကောက်ပို့စ်

The Tanintharyi Times