ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ တိုင်းတို့ရဲ့တော်လှန်ရေးအခြေအနေကိုလည်း မျက်ခြေပြတ်ခံလို့မရဘူးလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော

ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ တိုင်းတို့ရဲ့တော်လှန်ရေးအခြေအနေကိုလည်း မျက်ခြေပြတ်ခံလို့မရဘူးလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော

အမျိုးသား ညီညွတ်ရေးအစိုးရ NUG အနေနဲ့ စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ဒေသတွေမှာ ပိုအားစိုက်ကြရမှာဖြစ်သလို မျက်ခြေပြတ်ခံလို့ မရတဲ့ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ စတဲ့ဒေသတွေကိုလည်း လစ်လျူရှုလို့ မရကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။

NUG အစိုးရ အဖွဲ့ဝင်တွေအနေနဲ့ စစ်ကိုင်း၊ မကွေးဘက် ခရီးတွေ ဆန့်နိုင်နေကြပြီဖြစ်တာမို့ ပကတိအခြေအနေတွေကို ပိုသိရှိပြီး၊ တော်လှန်ရေးအတွက် ပိုမိုကောင်းမွန်မယ့်၊ ပိုမိုထိရောက်မယ့် အခြေအနေတွေကို စီမံဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။

မြေပြင်ပကတိအခြေအနေဆိုတာ စစ်ကိုင်း၊ မကွေး သက်သက်ကို ညွှန်းတာတော့ မဟုတ်ကြောင်း သူကပြောပါတယ်။

စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ဒေသတွေမှာ ပိုအားစိုက်ကြရမှာဖြစ်သလို မျက်ခြေပြတ်ခံလို့ မရတဲ့ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ စတဲ့ဒေသတွေကိုလည်း လစ်လျူရှုလို့ မရဘူးလိုလည်း ဝန်ကြီးချုပ်မန်းဝင်းခိုင် သန်းကပြောကြားခဲ့ပါတယ်။

“ တော်လှန်ရေးအခြေအနေအရ မြောက်ပိုင်း၊ တောင်ပိုင်း ခွဲပြီး ပြောနေကြရတယ်ဆိုပေမယ့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တစ်နိုင်ငံလုံးရဲ့ အစိုးရဖြစ်တာကြောင့် မူတွေချမှတ်တဲ့အခါမှာ တစ်နိုင်ငံလုံးရဲ့ အခြေအနေတွေနဲ့ ချိန်ဆ ချမှတ်ကြရမှာ ဖြစ်ပါတယ်” လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

NUG ရဲ့ မူဝါဒတွေဟာ မြောက်ပိုင်းအတွက် တစ်မျိုး၊ တောင်ပိုင်းအတွက် တစ်မျိုးဖြစ်လို့ မရကြောင်းလည်း သတိပေးထားပါတယ်။

အုပ်ချုပ်ရေးကဏ္ဍ ဖော်ဆောင်မှုတွေဟာ ကျွန်တော်တို့ ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် ဖော်ဆောင်နိုင်ဖို့ အခြေခံအုတ်မြစ် တစ်ခုလည်း ဖြစ်တာ ကြောင့် အစကောင်းဖို့လည်း လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဇူလိုင်လ ၂၉ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ အစည်းအဝေးမှာ အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

Connect Burma

The Tanintharyi Times