ထိုင်းဝန်ကြီးချုပ် ဖယ်ထုံတန် ရှင်နာဝပ်ကို ရာထူးကဆိုင်းငံ့ထားဖို့ အခြေခံဥပဒေခုံရုံးအမိန့်ချ
ထိုင်းဝန်ကြီးချုပ် ဖယ်ထုံတန် ရှင်နာဝပ်ကို ရာထူးကဆိုင်းငံ့ထားဖို့ အခြေခံဥပဒေခုံရုံးအမိန့်ချ
ထိုင်းဝန်ကြီးချုပ် ဖယ်ထုံတန် ရှင်နာဝပ်ဟာ အခြေခံဥပဒေပါ ဝန်ကြီးချုပ်တစ်ဦးရဲ့ ကျင့်ဝတ်တွေ ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရတဲ့ အမှုကို ကြားနာစစ်ဆေးဖို့ ထိုင်း အခြေခံဥပဒေခုံရုံး က လက်ခံလိုက်ပြီး သူမရဲ့ ရာထူးကိုပါ ဆိုင်းငံ့ထားဖို့ အမိန့် ချလိုက်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းပြောထားတဲ့ အသံဖိုင်ပေါက်ကြားမှုကြောင့် လွှတ်တော်အမတ်တွေနဲ့ အတိုက်အခံပါတီတွေက အခြေခံဥပဒေ ပါကျင့်ဝတ်တွေကို ချိုးဖောက်တယ်လို့ တိုင်ကြားထားတဲ့အမှုကို ဇူလိုင်လ ၁ ရက်နေ့မှာ အခြေခံ ဥပဒေ ခုံရုံး ကလက်ခံ လိုက်တာဖြစ်ပါတယ်။
ဒီအမှုကို ခုံရုံးက လက်ခံလိုက်တဲ့အတွက် ကြားနာစစ်ဆေးနေတဲ့ ကာလအတွင်းမှာ ဝန်ကြီးချုပ်ရာထူးကို ဆိုင်ငံ့ထားမှာဖြစ်ပါတယ်။
ကမ္ဘောဒီးယားအထက် လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်တို့ ဖုန်းပြောဆိုမှုအသံဖိုင် ကို စုံစမ်းစစ်ဆေးဖို့ အထက်လွှတ်တော်အမတ် ၃၆ ယောက်က လျှောက်ထားခဲ့ပါတယ်။
ဒီအမှုကို အခြေခံဥပဒေခုံရုံး အဖွဲ့ဝင်တွေ မဲခွဲဆုံးဖြတ်ဖြတ်ရာမှာ ၇ မဲ ၂ မဲ နဲ့ ရုံတင်စစ်ဆေးမယ့် ဘက်က အနိုင်ရရှိခဲ့တာပါ။
ဖယ်ထောင်တန်ရဲ့ ဝန်ကြီးချုပ်ရာထူးကိုတော့ လက်ရှိ ဒုတိယဝန်ကြီးချုပ် နဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဖွေ့ထိုင်း ပါတီက စူရိယ ကျင်ရု ရူဝမ်ကစ် (Suriya Jungrungreangkit) က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သွားမယ်လို့သိရပါတယ်။
ထိုင်းဝန်ကြီးချုပ် ဖယ်ထောင်တန်ကတော့ ယဉ်ကျေးမှုဝန်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ် ဒီနေ့မနက်ပိုင်းမှာပဲ အစိုးရအဖွဲ့က နုတ်ထွက်သွားတဲ့ ဖတ်ဖူကြိုင်ထိုင်းပါတီ ကဝန်ကြီးနေရာတွေကို အစားထိုးခန့်အပ်ခဲ့ပြီး ဝန်ကြီးချုပ်ရာထူးနဲ့ ယဉ်ကျေးမှုရာထူးတာဝန်တွေ ထမ်းဆောင်သွားမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။
အဲ့ဒီထုတ်ပြန်ချက်ထွက်ရှိပြီး မကြာခင်မှာပဲ အခြေခံ ဥပဒေ ခုံရုံးက အမိန့် ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဖယ်ထောင်တန်ဟာ ဝန်ကြီးချုပ်ရာထူး ဆိုင်းငံ့ခံထားရပေမယ့် ယဉ်ကျေးမှု ဝန်ကြီးအဖြစ် ဆက်လက်ဝန်ဆောင်ခွင့်ရှိနေသေးတယ်လို့ ထိုင်းသတင်းတွေကဖော်ပြပါတယ်။
ထိုင်းဝန်ကြီးချုပ် နဲ့ ဟွန်ဆန်တို့ ပြောတဲ့ အသံဖိုင်ထဲမှာ ဖယ်ထုံတန် က အမှတ် ၂ စစ်ဒေသတိုင်းမှူးဟာ အစိုးရရဲ့ လူမဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီး နယ်စပ်ပြဿနာမှာ ဟွန်ဆန်ကို လိုက်လျောပေးမယ်လို့ ပြောဆိုတာ တွေပါဝင်ခဲ့တာပါ။
ထိုင်းဝန်ကြီးချုပ် ဟာ အခြေခံဥပဒေ ပုဒ်မ ၁၆၀ ၊ ပုဒ်မခွဲ ၄ နဲ့ ၅ အရ အရည်အချင်းနဲ့ ကိုယ်ကျင့်တရားကင်းမဲ့ရာရောက်တယ်လို့ ဖဲထောင်ထန်းက ဆိုပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ်ဟာ ရိုးဖြောင့်မှုမရှိဘူး၊ ကျင့်ဝတ်စံနှုန်းတွေကို ဆိုးဆိုးရွားရွားချိုးဖောက်ရာရောက်တယ်လို့ လည်း စွပ်စွဲထားတာဖြစ်ပါတယ်။
ကိုးကား – Khaosod English
(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
