တနင်္သာရီတိုင်းမှာ မေလအတွင်း စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအဖွဲ့ဝင် ရှစ်ဆယ်ကျော်သေဆုံး

တနင်္သာရီတိုင်းမှာ မေလအတွင်း စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအဖွဲ့ဝင် ရှစ်ဆယ်ကျော်သေဆုံး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် တနင်္သာရီတိုင်းမှာ မေလအတွင်း စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအဖွဲ့ဝင် ၈၄ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဟာ မေလအတွင်း ၂၃ ကြိမ်ထက်မနည်းတိုက်ခိုက်ခံခဲ့ရပြီး ဒဏ်ရာရသူတွေလည်း ၈၀ ကျော်ရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေထဲမှာ ရဲစခန်းတွေကိုဝင်စီးတာ၊ ပြောက်ကျားပစ်ခတ်တိုက်ခိုက်တာတွေနဲ့ မိုင်းဆွဲတိုက်ခိုက်တာတွေပါဝင်ပါတယ်။

အဲဒီတိုက်ပွဲတွေမှာ KNDO special နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ၆ ဦးကျဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရခဲ့ပါတယ်။

တနင်္သာရီတိုင်းသတင်းဌာနက ရရှိခဲ့သမျှ တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ အချက်အလက်တချို့ကို အောက်ဖော်ပြပါ Infographic မှာ ဖော်ပြထားပါတယ်။မြေပြင်အခြေအနေမှာတိုက်ပွဲဖြစ်ပွားမှု ဒီထက်ပိုများနိုင်ပါတယ်။

The Tanintharyi Times