NUGအသိအမှတ်ပြု Yangon Federal School က ကျောင်းအပ် လက်ခံနေပြီ
NUGအသိအမှတ်ပြု Yangon Federal School က ကျောင်းအပ် လက်ခံနေပြီ
အခမဲ့ပညာရေး ကျောင်းတစ်ကျောင်း ဖြစ်တဲ့ Yangon Federal School က ကျောင်းသားတွေ စတင်လက်ခံနေပြီလို့ ထုတ်ပြန်ထားပါတယ်။
ဒီနေ့ ဇွန်လ (၁)ရက်နေ့ ကနေ ဇွန်လ (၇) ရက်နေ့အထိက Yangon Federal School ရဲ့ ကျောင်းအပ်လက်ခံရေး ရက်သတ္တပတ်ဖြစ်ပါတယ်။
နေအိမ်အခြေပြု အွန်လိုင်းကနေ ပညာသင်ကြားလိုသူတွေအတွက် google form ဖြည့်စွက်ပြီး ကျောင်းအပ်နှံနိုင်ပါတယ်။
မူလတန်းကျောင်းသား/သူတွေလျောက်ထားဖို့
https://forms.gle/qLxc7HKeW1KF8aTY7
အလယ်တန်းကျောင်းသား/သူတွေလျှောက်ထားဖို့
https://forms.gle/UdN1YgkL8UYgXnSG6
အထက်တန်းကျောင်းသား/သူတွေလျှောက်ထားဖို့
https://forms.gle/PrrKqxbRhHKQ1BKT8
ကျောင်းအပ်လက်ခံဖောင်မှာ နောက်ဆုံးတက်ရောက်ခဲ့တဲ့အတန်းနဲ့ ယခုတက်ရောက်လိုတဲ့အတန်းကို သေချာစွာဖြည့်ပေးဖို့ သတိပေးထားပါတယ်။
YFS မှ ဆရာ/ဆရာမတွေက ကလေးတွေ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ အတန်းတွေမှာ ပညာသင်ကြားနိုင်ဖို့ အထူးအကြံပေးဆောင်ရွက်ပေးသွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
Yangon Federal School က NUG ၊ MOE နဲ့ ချိတ်ဆက်ပြီးပြည်သူ့ပညာရေးယန္တရားကို ဖော်ဆောင်တဲ့
ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။
The Tanintharyi Times
