စစ်အာသိမ်းယူမှုနဲ့ ပဋိပက္ခများအကြား မြန်မာ့စီးပွားရေး ဆိုးဆိုးရွားရွား ကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်း
စစ်အာသိမ်းယူမှုနဲ့ ပဋိပက္ခများအကြား မြန်မာ့စီးပွားရေး ဆိုးဆိုးရွားရွား ကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်း

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပဋိပက္ခများကြောင့် စီးပွားရေးဆိုးဆိုးရွားရွား ကျဆင်းမယ် လို့ ကမ္ဘာ့ဘဏ်က မတ်လ ၃၁ ရက်နေ့ မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်လာပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက် မှု နှုန်း ဆိုးရွားစွာ ကျဆင်းနေဆဲဖြစ်ပြီး လာမည့်ဘဏ္ဍာနှစ်အကုန် စက်တင်ဘာလအထိ မြန်မာ့ GDP ဟာ ၃ ရာခိုင်နှုန်းသာ တိုးလာရန် မျှော် လင့်ထားကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ တစ်ဝန်း မှာဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေ ကျယ်ပြန့် လာတာ၊ အလွန်ဆိုးဝါး လာသော လျှပ်စစ် ဓာတ်အားပြတ်တောက်မှုနဲ့ မူဝါဒ အမှားတွေကြောင့် နိုင်ငံရေး၊ လူမှုရေးမတည်ငြိမ်မှု ဆက်လက်ဖြစ်ပေါ်စေမှာ ဖြစ်ပြီး ချိနဲ့ နေတဲ့ မြန်မာ စီးပွားရေး ကို ပိုမိုဆိုးရွားလာစေမှာ ဖြစ်တယ် လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
လျှပ်စစ်မီးပြတ်တောက်မှု၊ ထောက်ပံ့ပို့ဆောင်ရေး အနှောင့်အယှက်များ၊ ကုန် သွယ်မှုနှင့် နိုင်ငံခြားငွေလဲလှယ်မှု ကန့်သတ်ချက်များ၊ စည်းမျဉ်းစည်းကမ်း မသေချာမရေရာမှုများ ဆက်လက်ရှိနေချိန်တွင် မြန်မာ့စီးပွားရေး အနေ အထားက ပိုမိုကောင်းမွန်လာဖို့ မရှိပါဘူး လို့ အစီရင်ခံစာက ရေးသားထားပါတယ်။
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံရဲ့ GDP ဟာ အကြမ်းဖက်စစ်အုပ်စုအာဏာ သိမ်းယူထားတဲ့ ၂၀၂၁ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်း ကျဆင်း ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၃ ရာခိုင်နှုန်း တိုးလာတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာကျပ်ငွေဟာလည်း အမေရိကန်ဒေါ်လာနဲ့ နှိုင်းယှဉ်ပါက ၃၁ ရာခိုင်နှုန်းဝန်းကျင် တန်ဖိုးကျဆင်းသွားကြောင်း အစီရင်ခံစာအရသိရပါတယ်။
Connect Burma
The Tanintharyi Times