တိုက်ပွဲထပ်ဖြစ်မှာစိုးရိမ်လို့ သိန္ဓောရွာက စစ်ဘေးရှောင် ငါးရာဝန်းကျင် အိမ်မပြန်ရဲသေး

တိုက်ပွဲထပ်ဖြစ်မှာစိုးရိမ်လို့ သိန္ဓောရွာက စစ်ဘေးရှောင် ငါးရာဝန်းကျင် အိမ်မပြန်ရဲသေး

ဓာတ်ပုံ - တိမ်းရှောင်နေကြတဲ့ဒေသခံတွေ။

တိုက်ပွဲတွေထပ်ပြီးဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဓောရွာက စစ်ဘေးရှောင်သူငါးရာနီးပါးဟာ နေအိမ်မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

သိန္ဓောကျေးရွာမှာ မတ်လ ၃၁ ရက်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် သိန္ဓောကျေးရွာအုပ်စုက သိန္ဓောရွာ၊ မိုင်းသတ္တုရွာနဲ့ သူဌေးရွာကပြည်သူတွေ နီးစပ်ရာဒေသတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒီနေ့ မနက် ၁၀ နာရီခွဲဝန်းကျင်က ရွာကို ကင်းထောက်လေယာဥ် လာရောက်ခဲ့တဲ့အတွက်လည်း တိုက်ပွဲထပ်ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြတာပါ။

မနေ့က ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်သား ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာ ရခဲ့တယ်လို့လည်း သိရပါတယ်။