လောင်းလုံးမှာ ပျူစောထီးခေါင်းဆောင်ရဲ့တပည့်လို့နာမည်ကြီးသူ ပစ်သတ်ခံရ
လောင်းလုံးမှာ ပျူစောထီးခေါင်းဆောင်ရဲ့တပည့်လို့နာမည်ကြီးသူ ပစ်သတ်ခံရ
ပြီးခဲ့တဲ့က ငါးရက်လောက်က ပစ်သတ်ခံရပြီး သေဆုံးခဲ့တဲ့ ပျူစောထီးခေါင်းဆောင်ရဲ့တပည့်လို့ နာမည်ကြီးသူတစ်ဦး မနေ့ညက ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့ဒေသခံတွေထံက သိရပါတယ်။
မတ်လ ၃၁ ရက်ည ၁၀ နာရီဝန်းကျင်က ပန်းဒလဲကျေးရွာအုပ်စု၊ မြောင်းပေါက်ရွာမှာ နေထိုင်တဲ့ အသက် ၄၀ ကျော်အရွယ် ဦးအောင်ကျော်သက်ဆိုသူဟာ သူ့ရဲ့ နေအိမ်မှာပဲ ပစ်သတ်ခံရတာလို့ သိရပါတယ်။
ရာအိမ်မှူးတစ်ဦးလည်းဖြစ်တဲ့ ဦးအောင်ကျော်သက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သေဆုံးခဲ့တဲ့ ကိုဇော်ဆိုသူရဲ့တပည့်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သူ့ကို ဘယ်အဖွဲ့က ပစ်သတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ စစ်ကောင်စီနဲ့ ဆက်လက် ပူးပေါင်းလုပ်ဆောင်နေရင် လုံးဝတာဝန်ယူမှာ မဟုတ်ဘူးလို့ ပျူစောထီးနဲ့ ဒလန်တို့ကို မနေ့က ထုတ်ပြန်သတိပေးထားပါတယ်။
