ကရင်လူငယ် အစည်းအရုံး(KYO)က ဖွင့်လှစ်တဲ့ နွေရာသီလူငယ်စခန်းသွင်းသင်တန်း(SYC)
ကရင်လူငယ် အစည်းအရုံး(KYO)က ဖွင့်လှစ်တဲ့ နွေရာသီလူငယ်စခန်းသွင်းသင်တန်း(SYC)

ကရင်လူငယ်အစည်းအရုံး (Karen Youth Organization- KYO) ကဦးဆောင်ပြီး နွေရာသီလူငယ်စွမ်းရည်မြှင့် စခန်းသွင်းသင်တန်း(Summer Youth Camp-SYC)ကို ကေအဲန်ယူ-သထုံခရိုင် အုပ်ချုပ်နယ်မြေအတွင်း ဖွင့်လှစ်ခဲ့ပါတယ်။
မျိုးသစ်ကရင်လူငယ်ခေါင်းဆောင်တွေ ပေါ်ထွက်လာစေဖို့နဲ့ ရင့်တော်လှန်ရေးအခြေအနေ၊ ကရင်နိုင်ငံရေးအခြေအနေ ကရင်ရုန်းကန်းလှုပ်ရှားဆောင်ရွက်ခဲ့ရမှုအခြေအနေကို သိရှိနားလည်းစေဖို့ ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာမှာ အဖိနှိပ်ခံတိုင်းရင်းသားလူမျိုးစုအားလုံးနဲ့အတူ ပါဝင်လုပ်ဆောင်နိုင်စေဖို့ ရည်ရွယ်ပြီး သင်တန်းပြုလုပ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
အခုလ ၃ ရက်ကနေ ၂၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့တဲ့အဆိုပါလူငယ်စခန်းသွင်း သင်တန်းမှာ ကေအဲန်ယူ- သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်းရှိ မြို့နယ် (၄)ခုဖြစ်တဲ့ ဘားအံ၊ ဘီးလင်း၊ ကျိုက်ထို၊ သထုံမြို့နယ်နဲ့ မော်စကိုအထူးဒေသတို့မှ ကရင်လူငယ်တွေနဲ့ ဗမာလူငယ်သင်တန်းသားစုစုပေါင်း (၇၇)ဦးတက်ရောက်ခဲ့ကြပါတယ်။









The Tanintharyi Times