လက်နက်မဲ့လူထုတိုက်ပွဲမှာ ပူးပေါင်းပါဝင်ကြဖို့ လောင်းလုံးကစျေးတစ်ခုမှာ စည်းရုံးဟောပြော

လက်နက်မဲ့လူထုတိုက်ပွဲမှာ ပူးပေါင်းပါဝင်ကြဖို့ လောင်းလုံးကစျေးတစ်ခုမှာ စည်းရုံးဟောပြော

ရုပ်သံ - DDMSC

ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာရှိတဲ့ စျေးတစ်ခုမှာ ဒီနေ့မနက်ပိုင်းက လူထုစည်းရုံးအသိပညာပေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုကို ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက လုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ကမ်းစာစောင်တွေဖြန့်ဝေတာ၊ PTTEP/ PTT ကုမ္ပဏီကို ဆန့်ကျင်ဖို့နဲ့ လက်နက်မဲ့လူထုတိုက်ပွဲမှာ ပူးပေါင်းပါဝင်ဖို့ စည်းရုံးဟောပြောတာ၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကြွေးကြော်တာတွေလုပ်ဆောင်ခဲ့ပါတယ်။

The Tanintharyi Times