လောင်းလုံးမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သပိတ်လှုပ်ရှားမှုပြုလုပ်

လောင်းလုံးမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သပိတ်လှုပ်ရှားမှုပြုလုပ်

ဓာတ်ပုံ - DDMSC

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့မနက်ပိုင်းက လောင်းလုံးမြို့နယ်မှာ အဖြူရောင်အင်္ကျီတွေဝတ်ဆင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကနေ ဦးဆောင်ပြုလုပ်တဲ့အဲဒီလှုပ်ရှားမှုမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုအမိန့်တစ်ခုဖြစ်တဲ့ “စစ်မှန်တဲ့ လွတ်လပ်မှုဆိုတာ အကြောက်တရားမှ လွတ်မြောက်ရေးဖြစ်တယ်” ဆိုတဲ့ ခေါင်းစဥ်နဲ့ ပြုလုပ်ခဲ့တာပါ။

သပိတ်လှုပ်ရှားမှုမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ကြွေးကြော်သံတွေနဲ့ လောင်းလုံးဒေသခံအများအပြားက ချီတက်ခဲ့ကြတယ်လို့ သပိတ်ကော်မတီကဆိုပါတယ်။

The Tanintharyi Times