ငြိမ်းချမ်းရေးကဗျာတွေကျနော်ဆက်မရေးတော့ဘူး

ငြိမ်းချမ်းရေးကဗျာတွေကျနော်ဆက်မရေးတော့ဘူး

လှမ်းကြည့်လိုက်ရင်မျှော်မဆုံးတဲ့မီးလောင်ပြင်တွေ

ပြာပုံထဲကဆန်တွေပြန်ကောက်ရင်းအော်ဟစ်ငိုကြွေးနေတဲ့မျက်ရည်တွေ

ဖိတ်ကျသွားတဲ့ထမင်းတစ်စေ့တောင်

ပြန်ကောက်နေရတဲ့စစ်ဘေးရှောင်ဘဝတွေ

သားအဆင်ပြေပါတယ် သမီးအဆင်ပြေပါတယ်ပြောပြီး

ဖုန်းချလိုက်မှရှိုက်ကြီးတငင်ငိုနေတဲ့ဘဝတွေ။

ဆောင်း‌ရိပ်ခို

The Tanintharyi Times