“အာဏာရှင်ရှိရင် တော်လှန်ပုန်ကန်သူလူထုရှိတယ်” လို့ ကြွေးကြော် ခဲ့ကြတဲ့ လောင်းလုံးက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်
“အာဏာရှင်ရှိရင် တော်လှန်ပုန်ကန်သူလူထုရှိတယ်” လို့ ကြွေးကြော် ခဲ့ကြတဲ့ လောင်းလုံးက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်
ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ်မှာ ပြုလုပ်ခဲ့ပါတယ်။
ပြည်သူတွေကို လက်နက်အားကိုးတစ်ခုတည်းနဲ့ အနိုင်ကျင့်အုပ်ချုပ်ချင်တဲ့ အာဏာရှင်တွေ ရှိနေသရွေ့ တော်လှန်ပုန်ကန်မယ့် လူထုကလည်း ဆက်ရှိနေအုံးမှာဖြစ်တယ်လို့ သပိတ်ပြုလုပ်ခဲ့သူတွေက ကြွေးကြော် သတိပေးထားပါတယ်။
အဆိုပါ သပိတ်လှုပ်ရှားမှုကို နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ_ထားဝယ်၊ အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ_လောင်းလုံးမြို့နယ်၊ LGBT၊ လောင်းလုံးမြို့နယ်_ဒီမိုကရေစီအရေးလှုပ်ရှားမှု_သပိတ်ကော်မတီနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှု_သပိတ်ကော်မတီ_ထားဝယ်ခရိုင် _ DDMSC တို့ ပါဝင်ခဲ့ကြပါတယ်။
The Tanintharyi Times
