တော်လှန်ရေးဟာ အသက်ဖြစ်ပြီး လွတ်မြောက်ခြင်းဟာ နိဗ္ဗာန်ပဲ

တော်လှန်ရေးဟာ အသက်ဖြစ်ပြီး လွတ်မြောက်ခြင်းဟာ နိဗ္ဗာန်ပဲ

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှုကို “တော်လှန်ရေးဟာ အသက်ဖြစ်ပြီး လွတ်မြောက်ခြင်းဟာ နိဗ္ဗာန်ပဲ” ခေါင်းစဥ်နဲ့ လောင်းလုံးမြို့နယ်အတွင်းမှာ မနေ့က ညသပိတ်ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီလှုပ်ရှားမှုကို တော်လှန်ရေးမှာဦးဆောင်ပါဝင်နေတဲ့ လူငယ်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ ၂၀၀၈ ခြေဥ ဖျက်သိမ်းရေး အစရှိတဲ့ ကြွေးကြော်သံတွေနဲ့ ကြွေးကြော်ချီတက်ခဲ့တယ်လို့သိရပါတယ်။

The Tanintharyi Times