စစ်ရှောင်သူတို့ရဲ့သီတင်းကျွတ်

စစ်ရှောင်သူတို့ရဲ့သီတင်းကျွတ်

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တော်လှန်တဲ့တိုက်ပွဲတွေနဲ့ စစ်တပ်ရဲ့ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် တနင်္သာရီတိုင်းမှာ ပြည်သူတစ်သောင်းကျော် နေအိမ်တွေကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

နီးစပ်ရာတောတောင်တွေ၊ စစ်ရှောင်စခန်းတွေနဲ့ တခြားဒေသတွေမှာ တိမ်းရှောင်နေထိုင်နေရပေမယ့် ဘာသာရေးပွဲတော်တွေနဲ့ရိုးရာပွဲတော်တွေကိုအခက်အခဲအမျိုးမျိုးကြားကနေ ပါဝင်ဆင်နွဲဲကြပါတယ်။

ထားဝယ်ဒေသက စစ်ရှောင်စခန်းတစ်ခုမှာလည်း ဒီနှစ်သီတင်းကျွတ်ပွဲတော်ကို ရိုးရာမပျက်ကျင်းပခဲ့ကြပါတယ်။

အဲဒီစစ်ရှောင်စခန်းက သီတင်းကျွတ်ပွဲတော်ပုံရိပ်တချို့ကို တနင်္သာရီတိုင်းမ်သတင်းဌာနက စုစည်းဖော်ပြလိုက်ပါတယ်။

ညအမှောင်ရောက်တာနဲ့ စစ်ရှောင်စခန်းက ကလေး၊ လူကြီးများ ဆီမီးတွေထွန်းညှိကြပါတယ်။
စစ်ရှောင်စခန်းလမ်းတလျှောက် ထွန်းညှိထားတဲ့ ဆီမီးတိုင်တွေ။
စစ်ရှောင်စခန်းက တဲအိမ်ကလေးတစ်လုံးအရှေ့ ဖယောင်းတိုင်မီးထွန်းညှိပူဇော်ထားတဲ့မြင်ကွင်း။
လမ်းတစ်လျှောက်မီးထွန်းနေတဲ့ကလေးငယ်တစ်ဦး။
ထားဝယ်ရိုးရာသပိတ်မျှောဖို့ သပိတ်မရှိတဲ့အတွက် ငှက်ပျောပင်ကို တစ်တုံးချင်းလှီးပြီး ပန်းတွေနဲ့ပြင်ဆင်ထားပါတယ်။
ထိုင်းယဥ်ကျေးမှုအငွေ့အသက်လွှမ်းနေပေမယ့် သပိတ်မရနိုင်တဲ့နေရာဖြစ်နေတော့ ရှိတာနဲ့ဖြစ်အောင်စီစဥ်ကြပါတယ်။
ရိုးရာမပျက်မီးပုံးလွှတ်ဖို့ကြိုးစားနေတဲ့မြင်ကွင်း။
အနီးဆုံးမှာရှိတဲ့စေတီငယ်လေးတစ်ခုမှာ ဖယောင်းတိုင်မီးပူဇော်နေကြတာပါ။
ဖယောင်းတိုင်မီးတစ်ထောင်ထွန်းပြီး အရေးတော်ပုံအောင်ရမည်ဆိုတဲ့ စာသားနဲ့ ဆီမီးပူဇော်ထားတာဖြစ်ပါတယ်။

The Tanintharyi Times