ကော့သောင်းက ရေလှောင်ကန်မှာ ကလေးတစ်ဦး ရေနစ်သေဆုံး
ကော့သောင်းက ရေလှောင်ကန်မှာ ကလေးတစ်ဦး ရေနစ်သေဆုံး
ကော့သောင်းမြို့က ရေလှောင်ကန်မှာ သူငယ်ချင်းတွေနဲ့အတူရေဆင်းကူးတဲ့ အသက် ၁၄ နှစ်အရွယ်ကလေးငယ်တစ်ဦး ဒီနေ့ညနေပိုင်းက ရေနစ်သေဆုံးခဲ့ပါတယ်။
ညနေ ၃ နာရီဝန်းကျင်ကတည်းက ရွှေဇင်ယော်နဲ့အေးရိပ်ငြိမ်ရပ်ကွက်နှစ်ခုကြားမှာရှိတဲ့ ယင်းဝါရေလှောင်ကန်မှာ သူငယ်ချင်းဖြစ်သူတွေနဲ့အတူရေဆင်းကူးခဲ့ရာကနေ အခုလိုရေနစ်သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေဆီကနေသိရပါတယ်။
သေဆုံးသွားတဲ့ကလေးငယ်ဟာ ယင်းဝါရေလှောင်ကန်အနီးအနားမှာနေထိုင်တဲ့သူဖြစ်ပြီး အမြဲလိုလိုရေဆင်းကူးလေ့ရှိတယ်လို့လည်းအနီးအနားနေထိုင်သူတစ်ဦးကပြောပါတယ်။
“ကန်ကရေခမ်းနေတာဆိုတော့ ညနေဘက်ဆိုရင်ကလေးတွေဆင်းကစားနေကြတာပါပဲ။ ရေကလည်းတိမ်နေတေ့ာ ဘယ်သူမှဖြစ်မယ်မထင်ဘူး”လို့ ယင်းဝါကန်အနီးနေထိုင်သူတစ်ဦးကပြောပါတယ်၊၊
ရေတိမ်ဖြစ်ပေမယ့် ဘာကြောင့်ရေနစ်ပြီးသေဆုံးခဲ့ရတယ်ဆိုတာမသိရဘူးလို့ အနီးအနားနေထိုင်သူကဆိုပါတယ်။
ရေနစ်သွားတာကိုအတူကူးနေတဲ့သူငယ်ချင်းတွေကသတိမထားမိလို့ ရှာလို့မတွေ့တော့တဲ့အချိန်မှ မီးသတ်တပ်ဖွဲဲ့ကိုအကူအညီတောင်းခံခဲ့ပြီး မီးသတ်သမားတွေလာရောက်ပြီးမှ အလောင်းကို ရှာတွေ့ခဲ့တယ်လို့လည်သိရပါတယ်၊၊
ယင်းဝါကန်မှာရေနစ်သေဆုံးတာဟာလွန်ခဲ့တဲ့ ၃ နှစ်ခန့် မိုးရာသီတုန်းကနောက်ဆုံးအကြိမ်ဖြစ်ခဲ့တယ်လို့ရပ်ကွက်နေသူတွေကပြောပါတယ်။
The Tanintharyi Times
