အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်မှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲအရေအတွက်ဟာ တနိုင်ငံလုံးမှာဖြစ်ခဲ့တဲ့ တိုက်ပွဲအားလုံးရဲ့ ထက်ဝက်ကျော်ရှိ

အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်မှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲအရေအတွက်ဟာ တနိုင်ငံလုံးမှာဖြစ်ခဲ့တဲ့ တိုက်ပွဲအားလုံးရဲ့ ထက်ဝက်ကျော်ရှိ

စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်မှာ အရင်လ ၃၁ ရက်နေ့အထိ တိုက်ပွဲပေါင်း ၃,၉၉၃ ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP-Myanmar က ထုတ်ပြန်ထားပါတယ်။

ဒီအရေအတွက်ဟာ တနိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ စုစုပေါင်းရဲ့ ၅၉ ရာခိုင်နှုန်းနီးပါးရှိတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတဝန်းလုံးမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွါးမှုက ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ အပြင်းထန်ဆုံး ဖြစ်ခဲ့တာပါ။

စစ်ကိုင်းတိုင်းမှာတော့ တိုက်ပွဲပေါင်း ၆၄၁ ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times