ထားဝယ်ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရမှုမှာ ကျဆုံးခဲ့တဲ့ ပြည်သူလေးဦးအတွက် ဆုတောင်းပွဲ ပြုလုပ်
ထားဝယ်ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရမှုမှာ ကျဆုံးခဲ့တဲ့ ပြည်သူလေးဦးအတွက် ဆုတောင်းပွဲ ပြုလုပ်
ထားဝယ်ပင်မသပိတ် စစ်ကြောင်းကို ယခင်နှစ် ဖေဖော်ဝါရီလ ၂၈ ရက်မှာ စစ်ကောင်စီက အကြမ်းဖက်၊ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြ ပြည်သူ ကိုဖေသန်း၊ ကိုသန်းဝင်း၊ ကိုလွင်လွင်ဦးနဲ့ ကိုဗညားအောင်တို့ ၄ဦး ကျဆုံးခဲ့ရတဲ့ ၁ နှစ်နဲ့ ၆ လပြည့် ပါပြီ။
သူတို့အတွက် ဂုဏ်ပြုဆုတောင်းပွဲကို မနေ့က ညနေပိုင်းမှာ ထားဝယ်ခရိုင် ကံပေါက်ဒေသက လူငယ်တွေ စုပေါင်းပြုလုပ်ခဲ့ကြပါတယ်။
The Tanintharyi Times