ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဇင်ယော်တပ်ခွဲက လက်နက်ကြီးစမ်းသပ် ထုတ်လုပ်မှုအောင်မြင်

ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဇင်ယော်တပ်ခွဲက လက်နက်ကြီးစမ်းသပ် ထုတ်လုပ်မှုအောင်မြင်

ထားဝယ်ခရိုင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ဇင်ယော်တပ်ခွဲက လက်နက်ကြီး စမ်းသပ်ထုတ်လုပ်မှု အောင်မြင်တယ်လို့ ဒီရက်ပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။

အခုစမ်းသပ်အောင်မြင်တဲ့လက်နက်ကြီးဟာ ကာတွန်းလို့ခေါ်တဲ့လက်နက်ကြီးအမျိုးအစားဖြစ်ပြီး ထိခိုက်မှု​ပြင်းအားများတယ်လို့သိရပါတယ်။

“သူအထဲမှာ ကျည်စ၂၀၀လောက်ထည့်ထားပါတယ်။ ကားတစ်စီးလောက်ကတော့ ဇကာပေါက်ဖြစ်သွားနိုင်တယ်။ နောက်ထပ်လည်း ဒီထက်အဆင့်မြင့်တာတွေစမ်းသပ်ထုတ်လုပ်သွားဖို့ရှိပါတယ်” လို့ ဇင်ယော်တပ်ခွဲရဲ့တာဝန်ရှိသူကပြောပါတယ်။

အဲဒီလိုထုတ်လုပ်အောင်မြင်နိုင်ခဲ့တာဟာ ပြည်သူတွေရဲ့ထောက်ပံ့မှုကြောင့်ဖြစ်ပြီး နောက်ထပ်လည်းပါဝင်လှုဒါန်းပေးကြဖို့ တပ်ခွဲတာဝန်ရှိသူက တောင်းဆိုထားပါတယ်။

ဇင်ယော်တပ်ခွဲဟာ ဇင်ယော်တပ်စုလက်အောက်ခံပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်ပြီး ထားဝယ်ခရိုင်အတွင်းက စစ်ရေးလှုပ်ရှားမှုတွေမှာပါဝင်နေတဲ့အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။

ဒီလ ၁၇ရက်​နေ့ကလည်း ထားဝယ်ခရိုင်အတွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ EDF ကလည်း ၄၀ မမ နဲ့ ၆၀ မမ လက်နက်ကြီးတွေစမ်းသပ်ထုတ်လုပ်တာ အောင်မြင်ခဲ့ပါတယ်။

The Tanintharyi Times