အချိန်မရွေး အခမဲ့ လေ့လာ၊ သင်ယူနိုင်တဲ့ နွေဦးတက္ကသိုလ်ရဲ့ အတန်းတွေ

အချိန်မရွေး အခမဲ့ လေ့လာ၊ သင်ယူနိုင်တဲ့ နွေဦးတက္ကသိုလ်ရဲ့ အတန်းတွေ

အချိန်၊ နေရာမရွေး Self study ပြုလုပ်ရင်း သင်ယူနိုင်မယ့် နွေဦးတက္ကသိုလ်ရဲ့ ပညာဒါနအတန်းတွေကို တနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် ဖော်ပြလိုက်ပါတယ်။

အတန်းအားလုံးမှာ သင်တန်းကြေးအခမဲ့ပညာဒါန အတန်းတွေ ဖြစ်ပါတယ်။

📍 ပြည်သူတွေအားလုံး မည်သည့်အခြေအနေမှာမဆို သိရှိထားသင့်တဲ့ “Basic Healthcare”

📍 ပြည်သူတွေအနေနဲ့ အန္တရာယ်ရှိ လက်နက်ယန္တယားတွေ အကြောင်းကို သိရှိပြီး ထိခိုက်မှုမရှိဘဲ မိမိကိုယ်ကိုယ် ကာကွယ်တတ်ဖို့ “Mine Risk Education”

📍 လူတစ်ယောက်အနေနဲ့ ဖြစ်ပေါ်လာတတ်တဲ့ မိမိရဲ့ စိတ်ခံစားမှုတွေ အကြောင်းကို နားလည်ပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ ဆက်ဆံနိုင်သူတစ်ဦးဖြစ်ဖို့ “Social Emotional Learning”

📍 မိမိအသုံးပြုနေတဲ့ ဒီဂျစ်တယ်ကိရိယာတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး လေ့လာလိုသူတွေအတွက် “Cyber Security Course”

📍 နွေဦးတက္ကသိုလ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ကျောင်းမှ ဖွင့်လှစ်တဲ့ “Synergizing Nonviolent Action and Peacebuilding Course” တို့ပဲဖြစ်ပါတယ်။

အထက်ပါအတန်းတွေကို စိတ်ဝင်စားသူတွေ အနေနဲ့ အောက်ပါ Website မှတစ်ဆင့် ဝင်ရောက်ကာ သင်ခန်းစာတွေကို လေ့လာနိုင်ပါတယ်။

Linkhttps://learning.springuniversitymm.com/course/index.php…

ဖော်ပြပါ Link မှတစ်ဆင့် ဝင်ရောက်ပြီး မိမိတက်ရောက်လိုတဲ့ တန်းခွဲကိုရွေးချယ်ပါ။ ထို့နောက် Log In Page ကျလာတဲ့အခါ Sign Up လုပ်စရာမလိုဘဲ Log In as a guest အနေဖြင့် ဝင်ရောက် လေ့လာနိုင်ပါတယ်။

The Tanintharyi Times