ထားဝယ်-ထီးခီး လမ်းပိုင်းအသုံးပြုသူတွေ ထုတ်ပြန်ချက်မလိုက်နာပါက ထိခိုက်မှုတာဝန်မယူဟု ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး ထုတ်ပြန်

ထားဝယ်-ထီးခီး လမ်းပိုင်းအသုံးပြုသူတွေ ထုတ်ပြန်ချက်မလိုက်နာပါက ထိခိုက်မှုတာဝန်မယူဟု ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး ထုတ်ပြန်

ထားဝယ်-ထီးခီး လမ်းပိုင်းကို ဒီနေ့ကစပြီးည ၇ နာရီမှ မနက် ၄နာရီ အတွင်း လုံးဝမဖြတ်သန်းကြဖို့နဲ့ မလိုက်နာပါက ထိခိုက်မှုတစ်စုံတစ်ရာကို လုံးဝတာဝန်ယူမှာမဟုတ်ဘူးလို့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးက သတိပေးစာထုတ်ပြန်ပါတယ်။

သတ်မှတ်အချိန်အတွင်း ဖြတ်သွားလာကြတဲ့အခါမှာလည်း စစ်ကောင်စီနဲ့ ပတ်သက်မှုတစ်စုံတစ်ရာရှိရင်ဖြစ်စေ၊ စစ်ဆေးတာနဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာမှု မရှိရင်ဖြစ်စေ တွေ့ရှိပါက မသင်္ကာဖွယ်ရာအားလုံးကို ရှင်းလင်းပစ်မယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မိဘပြည်သူတွေအနေနဲ့ “ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး” နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့ဖြစ်တဲ့ “KNDO Special တပ်ရင်း” တို့ရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပြီး စစ်အာဏာရှင် တော်လှန်ရေးအတွင်း ပူးပေါင်း ဆောင်ရွက်ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

ထီးခီးနယ်စပ်ဂိတ်ကို ဧပြီ ၂၄ ရက်က စစ်ကောင်စီ ဘက်က စပြီးပိတ်ခဲ့သလို ပြည်သူ့ကာကွယ်​​ရေးတပ်ဉီး
ကလည်း ထီးခီးလမ်းကို အသုံးမပြုဖို့ အဲ့ဒီ့နေ့မှာပဲ ပြည်သူတွေကို မေတ္တာရပ်ခံချက် ထုတ်ပြန်ထားပါတယ်။