အိန္ဒိယသမုဒ္ဒရာမှာ တရုတ်ကနေ အီရန်သွားမယ့် သင်္ဘော တစ်စင်းကို အမေရိကန်ရေတပ်ဝင်စီး
အိန္ဒိယသမုဒ္ဒရာမှာ တရုတ်ကနေ အီရန်သွားမယ့် သင်္ဘော တစ်စင်းကို အမေရိကန်ရေတပ်ဝင်စီး
အိန္ဒိယသမုဒ္ဒရာအတွင်းမှာ တရုတ်ကနေ အီရန်နိုင်ငံကို ဦးတည်မောင်းနှင်နေတဲ့ သင်္ဘော တစ်စင်းကို အမေရိကန်ရေတပ်ဝင်စီးခဲ့တယ်လို့ ရိုက်တာသတင်းတစ်ရပ်က ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်နိုင်ငံကနေ အီရန်နိုင်ငံကို ဦးတည်မောင်းနှင်လာတဲ့ သင်္ဘောတစ်စီးကို အမေရိကန် အထူးစစ်ဆင်ရေးအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့လို့ သိရပါတယ်။
ဒီသတင်းကို အမေရိကန် စစ်ဘက်တာဝန်ရှိသူတွေက အတည်ပြုပြောကြားခဲ့ကြောင်း Wall Street Journal ကလည်းသောကြာနေ့မှာဖော်ပြခဲ့ပါတယ်။
အမေရိကန် စစ်တပ်က ဖျက်ဆီးခဲ့တဲ့ အထဲမှာ အီရန်က လက်နက်ထုတ်လုပ်ဖို့ အသုံးဝင်နိုင်တဲ့ ကုန်ပစ္စည်းတွေ ပါဝင်ကြောင်း Wall Street Journal သတင်းမှာဖော်ပြထားပါတယ်။
အိန္ဒိယသမုဒ္ဒရာ အတွင်း၊ သီရိလင်္ကာကမ်းလွန် ကနေ မိုင်ရာပေါင်းများစွာအကွာမှာ တရုတ် နိုင်ငံကထွက်ခွာလာတဲ့ သင်္ဘောပေါ်ကို အမေရိကန် အထူးစစ်ဆင်ရေးအဖွဲ့ကဝင်ရောက် စီးနင်းခဲ့တာလို့ သိရပါတယ်။
အီရန် ကိုတင်ပို့မယ့် စစ်လက်နက်ပစ္စည်းတွေကို ဖျက်စီးပြီးတဲ့ သင်္ဘောကို ပြန်လည်ထွက်ခွာခွင့် ပေးခဲ့တယ်လို့ ကနဦးသိရပါတယ်။
ကိုးကား – ရိုက်တာ
Connect Burma
The Tanintharyi Times
