အာဆီယံထိပ်သီးအစည်းအဝေး စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ခွင့်မရ

အာဆီယံထိပ်သီးအစည်းအဝေး စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ခွင့်မရ

ဓာတ်ပုံ - အာဆီယံ ထိပ်သီးအစည်းတက်ဖို့ မလေးရှားရောက်လာတဲ့ စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာန က အမြဲတမ်းအတွင်းဝန်

■ စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာန က အမြဲတမ်းအတွင်းဝန် သာတက်ခွင့်ရမယ်

လာမယ့် ရက်ပိုင်းအတွင်း ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေး မှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ခွင့်ရမှာ မဟုတ်ဘူးလို့ မလေးရှား အခြေစိုက်သတင်းတွေ ကပြန်လည် ဖော်ပြပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာစစ်အာဏာရှင်မင်းအောင်လှိုင် တက်ရောက်ဖို့ရှိတယ်လို့ မလေးရှား အခြေစိုက်သတင်းဌာန News Straits Times က ဖော်ပြခဲ့ပြီးတဲ့နောက်မှာ မလေးရှား အစိုးရ တာဝန်ရှိသူတွေ က အခုလို ဖြေရှင်းလာတာဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် အပါအဝင် ဒေသတွင်း အစိုးရခေါင်းဆောင် အတော်များများတက်ရောက် မယ့် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်ဆီးအစည်းအဝေး မြန်မာ စစ်ခေါင်းဆောင်နဲ့ အစိုးရအဖွဲ့ဝင်တွေကို ဖိတ်ကြားထားတာ မရှိဘူးလို့ သိရပါတယ်။

အန်ဝါ အီဘရာဟင်မ် ကတော့ မလေးရှား ဟာ အာဆီယံ ဘုံသဘောတူညီချက်အတိုင်းလုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ပြာကြားခဲ့ကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို မဖိတ်ကြားတာနဲ့ပတ်သက်ပြီး Bernama သတင်းဌာန ကဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းယူပြီးချိန်ကစလို့ စစ်ခေါင်းဆောင်ကိုယ်တိုင် သဘောတူခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို ဒီကနေ့အထိ လိုက်နာဖို့ ပျက်ကွက်နေတာကြောင့် စစ်ခေါင်းဆောင်အပါအဝင် မြန်မာ အစိုးရ တာဝန်ရှိသူတွေ ကို အာဆီယံထိပ်သီးအစည်း အဝေးပွဲတွေတက်ရောက်ခွင့် မပြုဘူးလို့ ဆိုပါတယ်။

အခုကျင်းပမယ့် အစည်းဝေးမှာလည်း စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း သာတက်ရောက်မှာဖြစ်တယ်လို့ မလေးရှား အစိုးရ က ထုတ်ပြန်ထားတယ်။

ဒီနေ့ မွန်းလွဲပိုင်းမှာတော့ အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရောက်မယ့် စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း နဲ့အဖွဲ့ဟာ မလေးရှားနိုင်ငံ ကွာလာလာမ် ပူလေဆိပ်ကိုရောက်ရှိနေပြီလို့ ဆိုပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးကို ထရမ့် အပြင် ကနေဒါဝန်ကြီးချုပ်၊ အိန္ဒိယဝန်ကြီးချုပ်၊ ဆိုက်ပရပ်စ် သမ္မတ၊ ဖင်လန် ဝန်ကြီးချုပ်တို့ ပါ တက်ရောက်ဖို့ရှိနေတာဖြစ်ပြီး တရုတ်သမ္မတရှီကျင်ဖျင် တက်ရောက်မယ်လို့ သတင်းထွက်နေပေမယ့် အတည်မပြုနိုင်သေးပါဘူး။

အဲ့ဒီ အစည်းအဝေးမှာပဲ အရှေ့တီမောနိုင်ကို အာဆီယံအဖွဲ့ဝင်သစ်အဖြစ် လက်မှတ်ရေးထိုးဝင်ရောက်မယ့် အခမ်းအနားလည်းလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး အဲ့ဒီအစည်းအဝေ ဘုံသဘောတူညီချက်ငါးချက်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်း ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဆောင်မှု မရှိဘူးလို့ဆိုကာ စစ်ခေါင်းဆောင်င်ကို အာဆီယံထိပ်သီးညီလာခံတွေ နဲ့ အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးတွေကို တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပြီး နိုင်ငံရေး နဲ့ မသက်ဆိုင်တဲ့ ကိုယ်စားတစ်ဦးသာ စေလွှတ်ဖို့ မူချမှတ်ထားတာဖြစ်ပါတယ်။

ကိုးကား – Bernama

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times