မြဝတီ က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လူတစ်သိန်းလောက်နဲ့လည်ပတ်နေဆဲဖြစ်တယ်လို့ ထိုင်းရဲ ပြော
မြဝတီ က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လူတစ်သိန်းလောက်နဲ့လည်ပတ်နေဆဲဖြစ်တယ်လို့ ထိုင်းရဲ ပြော
ထိုင်း – မြန်မာ နယ်စပ် မြဝတီ က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လူတစ်သိန်းလောက်နဲ့ လည်ပတ်အလုပ်လုပ်ကိုင်နေကြဆဲဖြစ်တယ်လို့ ထိုင်းဆိုင်ဘာရဲတပ်ဖွဲ့ ရဲ့ ရဲချုပ် ဖြစ်သူ ထပ်ချိုင်း ပီတာနီလဘူ ကပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လမှာကတည်းက အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်လုပ်ငန်း) တွေကို အပြတ်ရှင်းလင်းမယ်လို့ မြန်မာ စစ်ခေါင်းဆောင်နဲ့ ကရင်နယ်ခြားစောင့် တပ်ခေါင်းဆောင် စောချစ်သူတို့ ကပြောကြားခဲ့ပေမယ့် မတ်လ လယ်ထိ လူပေါင်း တစ်သိန်းလောက်နဲ့လည်ပတ်နေဆဲဖြစ်တယ်လို့ ရိုက်တာသတင်းဌာန ကဖော်ပြပါတယ်။
မြဝတီမြို့မှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဆီကနေ လူပေါင်း ၅၀၀၀လောက်ကယ်ထုတ်ခဲ့ပေမယ့် လူပေါင်းရာနဲ့ချီ ဟာသူတို့သဘောဆနန္ဒအလျောက် မြန်မာဘက်ခြမ်းကို ပြန်သွားပြီး ငွေလိမ်ဂိုဏ်းတွေ မှာ အလုပ်လုပ်ဖို့ ရွေးချယ်နေကြကြောင်း ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့ ရဲ့ ရဲချုပ်ကပြောပါတယ်။
“တချို့လူတွေက မြဝတီ ကို တရားမဝင်လမ်းက နေပြန်ဝင်ပါတယ် ဒါက call center ဂိုဏ်းတွေတင်မကဘဲ အွန်လိုင်း လောင်းကစားနဲ့ တခြား အသက်မွေးဝမ်းကျောင်းအလုပ်တွေပါသွားပြန်လုပ်ကြတယ် ” လို့ ရဲချုပ် ထပ်ချိုင်း ကပြောပါတယ်။
မြဝတီ မှာရှိတဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်း အားလုံးကို ဖေဖော်ဝါရီ လကုန်မှာ အပြီးသတ်ရှင်းလင်းသွားမယ်လို့ ကရင်ပြည်နယ် နယ်ခြေားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူကပြောဆိုထားပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ကရင်ပြည်နယ်၊ မြ၀တီဒေသမှ ရွှေကုက္ကိုမြို့သစ်၊ KK Park ၊ ဝမ်ခ၊ မယ်ထော်သလေး နဲ့ ကျောက်ခတ်တို့ အခြေစိုက်လုပ်ကိုင်နေပြီး လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်ပြည်နယ် နယ်ခြားစောင့် တပ် BGF နဲ့ DKBA တို့နယ်မြေတွေမှာ အခြေစိုက်ထားတာဖြစ်ပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းမှာလူကုန်ကူးတာ ၊ အဓမ္မခိုင်းစေတာတွေ နဲ့ပတ်သက်ပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) က ဗိုလ်မှူးကြီးစောချစ်သူနဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ဖို့ အထူးစုံစမ်းရေးအဖွဲ့ DSI ကသက်သေတွေ နဲ့တကွ ထိုင်းရှေ့ချုပ်ရုံးကို မတ်လ ၃ ရက်နေ့မှာ တင်သွင်းထားပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းက ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေ ကျယ်ပြန့်လာတာဟာ ထိုင်းနိုင်ငံပိုင်နဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေ၊ မြန်မာစစ်အုပ်စုနဲ့ ပြည်သူ့စစ် အပေါင်းအပါတွေရဲ့ အားပေးကူညီမှုကြောင့် ပိုမို ချဲ့ထွင် ကျယ်ပြန့်လာရတာဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ တခုဖြစ်တဲ့ Justice For Myanmarကလည်းထုတ်ပြန်ထားပါတယ်။
ကိုးကား – ရိုက်တာ
(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
