ဖက်ဒရယ်ချေးငွေ နဲ့ ထောက်ပံ့ငွေ ရပ်ဆိုင်းတဲ့ အမိန့် ကို ထရမ့်ပြန်ရုပ်သိမ်း
ဖက်ဒရယ်ချေးငွေ နဲ့ ထောက်ပံ့ငွေ ရပ်ဆိုင်းတဲ့ အမိန့် ကို ထရမ့်ပြန်ရုပ်သိမ်း
ပြင်းထန်တဲ့ ဆန်ကျင်ကန့်ကွက်မှုတွေ ရင်ဆိုင်ခဲ့ရပြီးနောက် အမေရိကန် ပြည်သူတွေကို ထောက်ပံ့နေတဲ့ ဖက်ဒရယ် ချေးငွေ နဲ့ ထောက်ပံ့ငွေ ရပ်ဆိုင်းတဲ့ အမိန့် ကို ဒေါ်နယ်ထရမ့် က ပြန်လည်ရုပ်သိမ်းခဲ့ရပါတယ်။
ဖက်ဒရယ် ချေးငွေ နဲ့ ထောက်ပံ့ငွေကို ရပ်ဆိုင်းလိုက်တဲ့ ထရမ့် ရဲ့အမိန့်ကို အမေရိကန်ပြည်ထောင်စုတစ်ဝန်း မှာ ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ပြီး ရှုပ်ထွေးမှုတွေ ထပ်မံကြုံတွေ့နိုင်တာကြောင့် ထရမ့်အစိုးရ ရဲ့ ဘက်ဂျက် ဌာနက ပြန်လည်ရုပ်သိမ်းခဲ့ကြောင်းဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့တယ်လို့ AP သတင်းကဖော်ပြပါတယ်။
ထရမ့် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ထားတဲ့ အမိန့်ကို နှစ်ရက်မပြည့်ခင်မှာပဲ သူ့ရဲ့ ဘက်ဂျက်ဌာန က ပြန်ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။
တနင်္လာနေ့ က ထုတ်ပြန်ခဲ့တဲ့ ထရမ့်ရဲ့ အမိန့်ကြောင့် လက်လုပ်လက်စား လူတန်းတွေ ၊ ပြည်နယ်တချို့က အကျိုးအမြတ်မယူတဲ့ တက္ကသိုလ်တွေ နဲ့ အထက်တန်းကျောင်းတွေအကြား တုန့်လှုပ်မှု အကြီးအကျယ် ဖြစ်ခဲ့ရတယ်လို့ AP မှာဖော်ပြထားပါတယ်။
ရာသီတုပြောင်းလဲမှုဆိုင်ရာ အသုံးစရိတ်တွေ ကိုဖြတ်တောက်ထားတဲ့ ကိစ္စ နဲ့ နိုင်ငံတကာကို အမေရိကန် ပြည်ထောင်စု က အထောက်အပံ့ပေးနေတဲ့ မတူကွဲပြားမှု၊ တန်းတူညီမျှမှုနဲ့ အားလုံးပါဝင်ခွင့်ရှိရေး DEI အစီစဉ် တွေကိုရပ်ဆိုင်းထားတဲ့ ကိစ္စတွေကိုလည်း ပြန်လည် သုံးသပ်မယ်လို့ ထရမ့်ရဲ့ ဘတ်ဂျက်ဌာန က ပြောဆိုထားပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ဖက်ဒရယ် ချေးငွေ နဲ့ ထောက်ပံ့ငွေ ရပ်ဆိုင်းတဲ့ အမိန့် ကိုပြန်လည်ရုပ်သိမ်းခဲ့ပေမဲ့လည်း ဖက်ဒရယ် အသုံးစာရိတ်တွေကို ထိန်းချုပ်ဖို့ အတွက် သမ္မတ ကို အခွင့် အာဏာအပြည့်အဝပေးသင့်တယ်လို့ အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူ Karoline Leavitt ကပြောကြားခဲ့ပါတယ်။
“ သမ္မတရဲ့ ဘက်ဂျက်ထိန်းချုပ်ဖို့ကြိုးပမ်းမှုတွေကို တရားရုံးက ဝင်စွက်နေတာကို အဆုံးသတ်သင့်ပြီ ဖက်ဒရယ်အသုံးစရိတ်ကို ထိန်းချုပ်ဖို့အတွက် သမ္မတရဲ့အမိန့်ကို လိုက်နာကျင့်သုံးဖို့ အစိုးရမှာ အခွင့်အာဏာရှိသင့်တယ်” လို့ သူကပြောဆိုခဲ့ပါတယ်။
ဖက်ဒရယ် ချေးငွေ နဲ့ အထောက်ပံ့ ရန်ပုံငွေတွေကိုဖြတ်တောက်လိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကို ရှုတ်ချကြောင်း ဗားမောင့်ပြည်နယ် အထက်အလွှတ်တော်အမတ် ဘာနီ ဆန်ဒါး ကပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ လုပ်ရပ်က အာဏာရှင်စနစ်ဆီဦးတည်နေတဲ့ လှုပ်ရှားမှုအဖြစ်နေပါတယ်” လို့ လည်း ဘာနီ ဆန်ဒါး က ဝေဖန်ခဲ့ပါတယ်။
ကိုးကား – AP
The Tanintharyi Times
