ဆောင်းတွင်းဓာတ်စာ – ၃
ဆောင်းတွင်းဓာတ်စာ – ၃

ဆောင်းကာလမှာ စားသုံးပေးသင့်တဲ့ ဓာတ်စာတွေကို ဒီတပတ်မှာလည်း ထပ်မံဝေမျှပေးလိုပါတယ်။
- ပူဒီနာရွက်
အရသာအားဖြင့် ပူ၊ခါး၊စပ်အရသာရှိပါတယ်။
နေရာအတော်များများမှာ တွေ့နိုင်ပါတယ်။
ပူဒီနာရွက်ကို စားပေးခြင်းဖြင့် လေထိုးလေအောင့်ကို သက်သာစေပါတယ်။ ဒါ့အပြင်
ချောင်းဆိုးခြင်းကိုသက်သာစေပြီး ခံတွင်းကိုလည်း မြိန်စေမှာဖြစ်ပါတယ်။
- မြင်းခွာရွက်
နေရာအတော်များများမှာ တွေ့နိုင်ပါတယ်။
မြင်းခွာရွက်ကို ပုံမှန်စားပေးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေပါတယ်။
အရိုးအဆစ်တွေပွတာ၊ ရောင်ရမ်းတာနဲ့ နာကျင်တာတွေအတွက် အလွန်ကောင်းမွန်နဲ့ ဆေးဖက်ဝင်အပင် တစ်မျိုးဖြစ်ပါတယ်။
- ခရမ်းသီး
သူရဲ့အရသာမှာ ချို၊ စပ်အရသာရှိပါတယ်။
ခရမ်းသီးက လေရောဂါသည်တွေနဲ့တော့ လုံးဝမသင့်တော်ပါဘူး။ ခရမ်းသီးကို စားပေးခြင်းဖြင့် ဆီးနဲ့ သက်ဆိုင်တဲ့ရောဂါတွေကို သက်သာပျောက်ကင်းစေပါတယ်။
- ရွှေဖရုံသီး
အသီးသာမက ဖရုံစေ့ကလည်း ဆေးဖက်ဝင်လှပါတယ်။ တစ်နှစ်ပတ်လုံးစားသုံးနိုင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ရွှေဖရုံကို ညဘက်အိပ်မပျော်သူတွေ၊ နှလုံးတုန်ရင်ခုန်တတ်သူတွေ စားသုံးပေးနိုင်ပါတယ်။ မျက်စိကျန်းမာရေးအတွက် စားသုံးပေးသင့်တဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။
- ကန်စွန်းဥ
ကန်စွန်းဥကို ကယ်လိုရီများလို့ဆိုပြီး မစားကြသူတွေရှိပါတယ်။ ကန်စွန်းဥကို စားပေးလြငါးဖြင့် ဗီတာမင်အေနဲ့ ဗီတာမင်စီကို ရရှိစေမှာဖြစ်ပါတယ်။ ကန်စွန်းဥကို ပုံမှန်စားပေးခြင်းဖြင့် အသက်ကိုရှည်စေပြီး လူကိုနုပျိုစေပါတယ်။
- စပါးလင်
စပါးလင်ကို မုန့်ဟင်းခါးချက်စားမှ သတိရကြသူများလှပါတယ်။ အမှန်စင်စစ်အားဖြင့် စပါးလင်မှာ ဆေးဖက်ဝင်အာနိသင်အများကြီးရှိပါတယ်။ စပါးလင်ကိုစားပေးခြင်းဖြင့် အူလမ်းကြောင်းတစ်လျှောက်ရောဂါတွေကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
- ကန်စွန်းရွက်
ကန်စွန်းရွက်ကို နေရာအတော်များများမှာ တွေ့နိုင်ပါတယ်။ ကန်စွန်းရွက်ကိုစားပေးခြင်းဖြင့် ဆီးလမ်းကြောင်းကို များစွာအကျိုးဖြစ်ထွန်းနိုင်ပါတယ်။ အရွက်ကိုချက်စားမယ်ဆိုရင်သွေးဝမ်းရောဂါကို သက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။
- နေကြာပင်
နေကြာပင်ကို လူတိုင်းမမြင်ဖူးနိုင်ပေမယ့် နေကြာစေ့ကိုမူ အများစုစားသုံးဖူးကြပါတယ်။
ဆောင်းရာသီမှာ ဖြစ်ပွါးမှုများတဲ့ ကြွက်တက်ခြင်း၊ ကြွက်သားတွေတင်းတဲ့ ဝေဒနာကို နေကြာစေ့စားခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။
နေကြာစေ့ကို စားပေးခြင်းဖြင့် ခန္ဓာကိုယ်တည်ဆောက်ရာမှာ လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
- ကြက်သွန်နီ
မီးဖိုချောင်သုံးဆေးဖက်ဝင်ပစ္စည်းအဖြစ်သာမက လူသားတို့ကျန်းမာရေးအတွက် များစွာအထောက်အကူပြုလှပါတယ်။ ကြက်သွန်နီကို ပုံမှန်စားပေးခြင်းဖြင့် သွေးကြောတွေ မာကျစ်ခြင်း၊ သွေးတိုးခြင်းတွေကို သက်သာစေပါတယ်။
- ပဲတောင့်ရှည်
ဆောင်းရာသီရဲ့စားသုံးပေးသင့်တဲ့ ဓာတ်စာတွေထဲမှာ ပဲတောင့်ရှည်ကလည်း တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ သူရဲ့အရသာမှာ ချိုပြီးစိမ့်တဲ့ အရသာထူးရှိပါတယ်။ ပဲတောင့်ရှည်ကိုစားပေးခြင်းဖြင့် ကိုယ်တွင်းကိုယ်လက်စထရောကို ကျဆင်းစေပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။
- ချဉ်ပေါင်ရွက်အရိုးနီ
သူရဲ့အရသာမှာ ချဉ်တဲ့၊ အေးတဲ့ အရသာရှိပါတယ်။ ချဉ်ပေါင်ရွက်အရိုးနီကို စားပေးခြင်းဖြင့် ခံတွင်းပျက်နေသူတွေကို ခံတွင်းမြိန်စေပါတယ်။ သူ့မှာရေငတ်ကိုပြေစေခြင်း၊အသားနုတက်စေခြင်း စတဲ့ ဂုဏ်သတ္တိတွေလည်းရှိပါတယ်။
The Tanintharyi Times