နိုင်ငံခြားသားလုပ်သား အလုပ်အကိုင်ကန့်သတ်မှု ထိုင်းအစိုးရ ပိုတင်းကြပ်လာ
နိုင်ငံခြားသားလုပ်သား အလုပ်အကိုင်ကန့်သတ်မှု ထိုင်းအစိုးရ ပိုတင်းကြပ်လာ
ထိုင်းလူမျိုးတွေ သာ လုပ်ကိုင်ဖို့ခွင့်ပြုထားတဲ့ လုပ်ငန်းတွေကို အိန္ဒိယ ၊ တရုတ် နဲ့ တခြား နိုင်ငံတွေက နိုင်ငံခြားသား တွေပါ လုပ်ကိုင်နေတာကြောင့် ထိုင်းအစိုးရ က အလုပ်အကိုင်ကန့်သတ်မှုတွေ ကို ပိုမိုတင်းကြပ်လာပါတယ်။
နိုင်ငံခြားသားတွေ အတွက် ကန့်သတ်ထားတဲ့ အလုပ်တွေကို ဥပဒေ နဲ့ မညီပဲ ခေါ်ဆောင်ထားတဲ့ လုပ်ငန်းခွင် တွေ ရှိလာတယ်ဆိုတဲ့ တိုင်ကြားစာတွေ ရရှိပြီး ထိုင်း အလုပ်အကိုင် ဦးစီးဌာန က နိုင်ငံတစ်ဝန်း က လုပ်ငန်းခွင်တွေကို ကျပန်း စစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလ ၁ ရက်နေ့က မတ် လ ၁၈ ရက်နေ့ထိ လုပ်ငန်းခွင် စုစုပေါင်း ၂၅၆၂၈ ခု ကို စစ်ဆေး ခဲ့ပြီး နောက်မှာတော့ လုပ်ငန်းခွင် ၈၂၀ ဟာ ကန့်သတ်လုပ်ငန်းတွေ မှာ နိုင်ငံခြားသား အလုပ်သမားတွေ ခန့်ထားတယ်လို့ ဆိုပါတယ်။
အဲ့ဒီလုပ်ငန်းခွင်တွေ အားလုံး နဲ့ ကန့်သတ်လုပ်ငန်း လုပ်ကိုင်တဲ့ အလုပ်သမားတွေကို ပါအရေး ယူခဲ့တယ်လို့ ထိုင်း အလုပ်အကိုင် ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
အဲ့ဒီလုပ်ငန်းခွင်တွေမှာ နိုင်ငံခြားသား အလုပ်သမား စုစုပေါင်း ၃၀၆,၅၇၇ ဦး ရှိပြီး မြန်မာ အလုပ်သမား ၂၃၂,၁၀၆ ဦး၊ ကမ္ဘောဒီးယား က ၄၂,၆၉၈ ဦး၊လာအို က ၁၈,၀၀၁ ဦး နဲ့ ဗီယက်နမ်က ၂၃၆ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။
အဲ့ဒီထဲက မှ ဥပဒေ နဲ့ မညီနဲ့ အလုပ်သမား ၁၆၈၉ ဦး ကို အရေးယူ မှုတွေပြုလုပ် ခဲ့တယ်လို့ သိရှိရပါတယ်။
အရေးယူခံရသူတွေထဲက နိုင်ငံခြားအလုပ်သမား ၇၂၁ ဦးဟာ ထိုင်းနိုင်ငံသားတွေကိုသာ လုပ်ကိုင်ခွင့်ပြုလုပ်ထားတဲ့ လုပ်ငန်းတွေမှာ ဝင်ရောက် အလုပ်လုပ်ကိုင်နေကြောင်းတွေ့ရှိရတယ်လို့ သိရပါတယ်။
တားမြစ်ထားတဲ့ လုပ်ငန်းတွေမှာဝင်ရောက် အလုပ်လုပ်ခဲ့တဲ့ သူတွေ ထဲမှာ မြန်မာ ၃၁၆ ဦး ၊ ကမ္ဘောဒီးယား ၁၇၅ ဦး၊ လာအို ၁၀၆ ဦး၊ အိန္ဒိယ ၆၅ ဦး၊ ဗီယက်နမ် ၄၂ ဦး၊ တရုတ်နိုင်ငံသား ၅ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်း အအစိုးရက နိုင်ငံခြားအလုပ်သမားတွေကို ကန့်သတ်ထားတဲ့ လုပ်ငန်းတွေကတော့ စျေးရောင်းချတာ၊ ဆံပင်ညှပ် ခြင်း နဲ့ အလှပြင်လုပ်ငန်း ၊ အများသူငါ သယ်ယူပို့ဆောင်ရေး ယာဉ်မောင်း ၊ ရိုးရာ အနှိပ် လုပ်ငန်း ၊ အနှိပ်သမား စတဲ့ လုပ်ငန်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
တချို့ နိုင်ငံခြားအလုပ်သမားတွေ ဟာ မတားမြစ်ထားတဲ့ လုပ်ငန်း လုပ်ကိုင်ဖို့ ငှားရမ်းခဲ့သော်လည်း စည်းကမ်းလိုက်နာဖို့ ပျက်ကွက်ပြီး အလုပ်ပြောင်းရွေ့ ကာ ကန့်သတ်လုပ်ငန်းတွေ မှာဝင်ရောက်လုပ်ကိုင်နေတာဖြစ်တယ်လို့ ထိုင်း အလုပ်အကိုင် ဦးစီးဌာနက ဆိုပါတယ်။
စတိုးဆိုင် အလုပ်သမား တွေ နဲ့ ဆောက်လုပ်ရေး အလုပ်သမားတချို့ ဟာ နောက်ပိုင်းမှာ ကန့်သတ်လုပ်ငန်းတွေ ထဲဝင်ရောက်လုပ်ကိုင်တာတွေ ရှိတယ်လို့ အဆိုပါ ဌာန က ပြောဆိုထားပါတယ်။
ဖူးကက် မြို့က Move Forward ပါတီ လွှတ်တော်အမတ်တစ်ဦးကလည်း နိုင်ငံခြားသား အလုပ်အကိုင် ကိစ္စ နဲ့ပတ်သက်ပြီါ် တိုင်ကြားစာ အများအပြားရရှိထားတာကြောင့် အစိုးရ အနေနဲ့ အမြန်ဆုံး စစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။
တချို့သော နိုင်ငံခြားသား အလုပ်သမားတွေ ဟာ ထိုင်းနိုင်ငံမှာကာလရှည် ဗီဇာနဲ့ နေထိုင်နေပြီး အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှု လိုမျိုး ထိုင်းနိုင်ငံသားတွေပဲ လုပ်ကိုင်ဖို့ ခွင့်ပြုထားတဲ့ လုပ်ငန်းတွေ ထူထောင်ကာ လုပ်ကိုင်နေကြတာကိုတွေ့ ရှိရကြောင်း Move Forward ပါတီ လွှတ်တော်အမတ် ဆိုပါတယ်။
အဲ့ဒီလို လုပ်ကိုင်တာဟာ ကျွန်းဒေသ တစ်ခုဖြစ်တဲ့ ဖူးကက် ရဲ့ စီးပွားရေးကို ထိခိုက်စေမှာဖြစ်တယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။
ကိုးကား – ဘန်ကောက်ပို့စ်
(ယခု ဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းဌာန တို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
