အဆက်ဆက် အဲဒီလိုဘဝတွေ
အဆက်ဆက် အဲဒီလိုဘဝတွေ
မနက်ခင်း ထောင်ဖွင့်ပြီးချိန်ဆိုရင် သွေးပေါင်ချိန်တိုင်းကရိယာသေတ္တာလေးနဲ့အတူ ထောင်ဆေးမှူးတစ်ယောက် သူ့ဆီ ရောက်လာလေ့ရှိတယ်။ သူ့ကိုသွေးပေါင်ချိန်လာတိုင်းတာပါ။ တိုင်းလို့ရတဲ့ သွေးပေါင်ချိန်ရလဒ်ကို ဆေးမှတ်တမ်းစာအုပ်မှာ ရေးသွင်းပြီးရင် ထောင်ဆေးမှူးကပြန်သွားပါတယ်။ အရိုးပေါ်အရေတင် သေလုခါနီး ယဲ့ယဲ့ ယိုင်ယိုင်တီဘီရောဂါဝေဒနာသည်အတွက် အကျဉ်းထောင်ကပေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုက ဒါအစွမ်းကုန်ပါပဲ။ ဆေးယဉ်ပါးရောဂါကျွမ်းနေပြီဖြစ်တဲ့သူ့ကို အကျဉ်းထောင်ပြင်ပ ပြည်သူ့ဆေးရုံတစ်ခုခုမှာ တက် ရောက်ကုသဖို့ကို ထောင်ကခွင့်မပြုခဲ့ပါဘူး။
သေဆုံးခါနီးလူတစ်ယောက်အတွက် နောက်ဆုံးအချိန် သက်သောင့်သက်သာဖြစ်မှုကို ထောင်တာဝန်ရှိသူတွေက အလေးမထားခဲ့ပါဘူး။
ညီမင်းဆက်
The Tanintharyi Times