၂၀၂၀ အနိုင်ရ ထားဝယ်လွှတ်တော်အမတ် ဦးအောင်ဝင်း ကင်ဆာရောဂါနဲ့ ကွယ်လွန်

၂၀၂၀ အနိုင်ရ ထားဝယ်လွှတ်တော်အမတ် ဦးအောင်ဝင်း ကင်ဆာရောဂါနဲ့ ကွယ်လွန်

ဓာတ်ပုံ - လွှတ်တော် ကိုယ်စားလှယ်ဦးအောင်ဝင်း။

၂၀၂၀ ရွေးကောက်ပွဲမှာ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ထားဝယ်မြို့နယ်မဲဆန္ဒနယ်ကနေ အနိုင်ရခဲ့တဲ့ ဦးအောင်ဝင်းဟာ ဒီနေ့မနက်ပိုင်းက ကွယ်လွန်သွားခဲ့တယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ဦး‌အောင်ဝင်းဟာ ပါးစောင်ကင်ဆာရောဂါနောက်ဆုံးအဆင့်နဲ့ ရန်ကုန်မှာ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ နီးစပ်သူတွေ ဆီကနေ သိရပါတယ်။

ဦးအောင်ဝင်းဟာ လက်ရှိအချိန်မှာ အသက် ၇၀ ဝန်းကျင် ရှိပြီဖြစ်ပါတယ်။

ဦးအောင်ဝင်းဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ထားဝယ်မြို့နယ် မဲဆန္ဒနယ်ကနေ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာလည်း တိုင်းဒေသကြီးလွှတ်တော် ထားဝယ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ကနေ အနိုင်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကလည်း တိမ်းရှောင်နေရတဲ့ NLD အစိုးရလက်ထက် တနင်္သာရီတိုင်း စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း သရက်ရွက်ကင်ဆာရောဂါနဲ့ ထိုင်းနိုင်ငံမှာ ကွယ်လွန်ခဲ့ပါတယ်။

The Tanintharyi Times