မကျည်းကုန်းရွာသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

မကျည်းကုန်းရွာသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

ပုလောမြို့နယ်၊ မကျည်းကုန်းရွာသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မကျည်းကုန်းရွာထဲက တနေရာမှာပဲ ဒီကနေ့ မနက် ၇ နာရီ ဝန်းကျင်လောက်က မိုင်းနင်းမိခဲ့တာပါ။

” အခုဆုံးသွားတဲ့လူက ဆေးကြောင်နေတယ်။ အခုဖြစ်သွားတဲ့ နေရာဘက်ကိုလည်း ဘယ်သူမှ သိပ်မသွားကြဘူး။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပုလောမြို့နယ်မှာ အခုလအတွင်း မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားလေးဦးအထိ ရှိပါပြီ။

မိုင်းနင်းမိသူလေးဦးမှာ တစ်ဦးကတော့ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းနင်းမိတာဖြစ်ပြီး သေဆုံးခဲ့တဲ့အရပ်သားအပါအဝင် ကျန်တဲ့သုံးဦးက ကာကွယ်ရေးတပ်တွေဘက်ကထောင်ထားတဲ့ မိုင်းနင်းမိခဲ့တာပါ။

အဆိုပါဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ပုလော(ပကဖ) တာဝန်ခံက ” မိုင်းထောင်ထားတဲ့နေရာက စစ်ကောင်စီတပ်တွေ ဝင်လာနေကြနေရာတွေဖြစ်လို့ နယ်မြေရှင်းလင်းပြီးမှ ထောင်ထားတဲ့မိုင်းတွေ ပုံသေမိုင်းတွေပါဗျ။” လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတိပေးချက်တွေနဲ့ တားမြစ်ချက်တွေက်ို လိုက်နာပေးဖို့ တာဝန်ခံက ထပ်မံမေတ္တာရပ်ခံပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ကျောင်းနိမ့်ရွာမှာ အမျိုးသားနှစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ပါတယ်။

The Tanintharyi Times