ထားဝယ်ထောင်က နိုင်ကျဥ်းတချို့ ဒီနေ့ လွတ်မယ်လို့ သတင်းထွက်နေ

ထားဝယ်ထောင်က နိုင်ကျဥ်းတချို့ ဒီနေ့ လွတ်မယ်လို့ သတင်းထွက်နေ

ထားဝယ်ထောင်က နိုင်ငံရေးအကျဥ်သားတချို့ လွတ်မြောက်လာဖို့ရှိတယ်လို့ ဒီနေ့မနက်မှာ သတင်းတွေထွက်ပေါ်နေပါတယ်။

ထားဝယ်ထောင်နဲ့နီးစပ်သူတစ်ဦးကလည်း ဒီနေ့မှာ လွတ်မြောက်လာမယ့်သူ ၃၀ ဦးခန့်ရှိပြီး နိုင်ငံရေးအကျဥ်းသားအများစုပါဝင်တယ်လို့သိရကြောင်း တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။

“မနေ့ညကမှ ရုတ်တရက်စာရောက်လာတယ်လို့ကြားတယ်။ နိုင်ငံရေးအမှုထဲမှာ ၅၀၅ တစ်မှုတည်းရှိတဲ့သူတွေပါလာတယ်လို့ကြားပါတယ်။” လို့အကျဥ်းထောင်နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

နောက်ဆက်တွဲအခြေအနေကို ဆက်လက်စုံစမ်းနေပြီး အသေးစိတ်ကိုပြန်လည်ဖော်ပြပေးပါ့မယ်။

ထားဝယ်ထောင်မှာ အကျဥ်းသား၊အကျဥ်းသူ စုစုပေါင်း ၁၂၀၀ ဦး နီးပါးရှိပြီး အဲဒီထဲက ၃၆၀ ဦး ဝန်းကျင်ဟာ နိုင်ငံရေးအကျဥ်းသားတွေဖြစ်ပါတယ်။

ဒီနေ့လွတ်ငြိမ်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တရားဝင်ပြောဆိုထားတာမျိုးလည်းမရှိသေးပါဘူး။

ထားဝယ်အကျဥ်းထောင်ကနေ ပြီးခဲ့တဲ့ နှစ်ဆန်းတစ်ရက်နေ့က တနိုင်ငံလုံးအတိုင်းအတာနဲ့ အကျဥ်းသား ၃၀၀၀ ကျော်ကိုလွှတ်ပေးခဲ့ပြီး ထားဝယ်ထောင်ကနေ ၁၄ ဦးလွတ်မြောက်လာခဲ့ပေမယ့် နိုင်ငံရေးအကျဥ်းသားတော့ မပါဝင်ခဲ့ပါဘူး။

ဧပြီလ ၂၃ ရက်က မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းရဲ့ခရီးစဥ်မှာ မတရားဖမ်းဆီးထားတဲ့ အကျဥ်းသားအားလုံးပြန်လွှတ်ဖို့ စစ်ခေါင်းဆောင်တွေကိုတိုက်တွန်းခဲ့ပါတယ်။

The Tanintharyi Times