ထားဝယ်ခရိုင်က Mytel တာဝါတိုင်တစ်တိုင်ကို DGRF ထပ်မံဖျက်ဆီး
ထားဝယ်ခရိုင်က Mytel တာဝါတိုင်တစ်တိုင်ကို DGRF ထပ်မံဖျက်ဆီး
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဒေါင်းရှောင်ရွာက Mytel တာဝါတိုင်တစ်တိုင်ကို ပြီးခဲ့တဲ့ရက်ပိုင်းထဲမှာပဲ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF) က ထုတ်ပြန်ပါတယ်။ မီးရှို့ခံရပြီး နောက်တစ်နေ့မနက်မှာ စစ်ကားတွေနဲ့ လာရောက်ပြုပြင်ခဲ့ပြီး တစ်ရက်ကြာ လိုင်းပြတ်တောက်မှု ဖြစ်ပေါ်ခဲ့တယ်လို့ DGRF က ထုတ်ပြန်ပါတယ်။
DGRF အဖွဲ့ဟာ ရေဖြူမြို့နယ်၊ ဧကနိရွာအနီးက အကြမ်းဖက်စစ်ကောင်စီပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင်ကိုလည်း လွန်ခဲ့တဲ့ရက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF) အနေနဲ့ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်တွေနဲ့ ၎င်းတို့ရဲ့ အင်အား ဆုတ်ယုတ်စေနိုင်မယ့် လှုပ်ရှားမှုမှန်သမျှ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
ရုပ်သံ – DGRF
The Tanintharyi Times
