မြန်မာစစ်ဘေးရှောင်တွေ အတွက် လူသားချင်းစာနာထောက်ထားမှုစင်္ကြံ တက်ခ် ခရိုင် မှာပြုလုပ်မယ်လို့ ထိုင်းဒုဝန်ကြီးချုပ်ပြော
မြန်မာစစ်ဘေးရှောင်တွေ အတွက် လူသားချင်းစာနာထောက်ထားမှုစင်္ကြံ တက်ခ် ခရိုင် မှာပြုလုပ်မယ်လို့ ထိုင်းဒုဝန်ကြီးချုပ်ပြော
စစ်ဘေးကြောင့် တိမ်းရှောင်လာရတဲ့ မြန်မာ နိုင်ငံသား တွေအကူအညီပေးဖို့ လူသားချင်း စာနာထောက်ထားမှု စင်္ကြံ ကို တက်ခ် ခရိုင် မှာ ပြုလုပ်မယ်လို့ ဆို ထိုင်းနိုင်ငံခြားရေး ဝန်ကြီး လည်းဖြစ် ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ပန်ပရီ ဘာဟင်ဒါ နုကာရာ ကပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံက နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာသူတွေ ရဲ့ အခြေခံလိုအပ်ချက် တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ထိုင်း – မြန်မာ နယ်စပ်မှာရရှိတဲ့ တက်ခ် ခရိုင် ကိုရွေးချယ်တာဖြစ်တယ်လို့ သူကဆိုပါတယ်။
နယ်စပ်ဒေသမှာ ရှိတဲ့ တခြား ခရိုင်တွေမှာလည်း အလားတူ လူသားချင်း စာနာထောက်ထားမှု ဇုန်များအတွက် စံနမူနာယူ ထပ်မံလုပ်ဆောင်သွားမယ်လို့ လည်းပြောပါတယ်။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ပန်ပရီ ဘာဟင်ဒါ နုကာရာ အဲ့ဒီ အစီစဉ်ကို စတင်ဖို့ ဖေဖော်ဝါရီ ၈ ရက် နဲ့ ၉ ရက်နေ့တွေမှာ တာ့ခ်ခရိုင် ကို သွားရောက်မယ်လို့လည်းပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟာ လာအိုနိုင်ငံ လွမ်ပရာဘန်းမြို့မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ပြီး အစည်းအဝေးမှာ လူသားချင်း စာနာထောက်ထားမှု စင်္ကြံ အကောင်အထည်ဖော်ဖို့ အတွက် အတည်ပြုချက်ရယူခဲ့တယ်လို့လည်း သိရပါတယ်။
လူသားချင်း စာနာထောက်ထားမှု စင်္ကြံ ကို တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး Jake Sullivan တို့ကလည်း သဘောတူတယ်လို့ သိရှိရပါတယ်။
Connect Burma
The Tanintharyi Times