စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ရှေ့နေချုပ်လျှောက်ထား

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ရှေ့နေချုပ်လျှောက်ထား

နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC ရဲ့ ရှေ့နေချုပ်က အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ပြန်ဖို့ အခုလ ၂၇ ရက်မှာလျှောက်ထားလိုက်တယ်လို့ ICC တရားရုံးက ထုတ်ပြန်ပါတယ်။

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို အဓမ္မနေရပ်စွန့်ခွာအောင်လုပ်ဆောင်တဲ့အမှု နဲ့ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခဲ့မှုတွေ အတွက် မင်းအောင်လှိုင်ဟာမှာတာဝန်ရှိပြီး ရာဇ၀တ်မှုကျူးလွန်ခဲ့လည်း ထင်ရှားတာကြောင့် ဖမ်းဝရမ်းထုတ်ပေးဖို့ ICC တရားရုံးမှာလျှောက်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ရှေ့နေချုပ် Karim A.A. Khan KC က တရားရုံးမှာ လျှောက်ထားခဲ့တာဖြစ်ပြီး တရားသူကြီး သုံးဦးက အဲ့ဒီလျှောက်ထားချက်စိစစ်ကာသဘောတူပါက ဖမ်းဝရမ်းထုတ်ပြန်မှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလျောက်ထားချက်ကို တရားသူကြီးသုံးဦး က အချိန်ဘယ်လောက်ကြာကြာ စိစစ်မယ်ဆိုတာကို အတိအကျ မသိရပေ့မယ့် ICC တရားရုံး လုပ်ထုံးလုပ်နည်းတွေ အရတော့ သုံးလခန့်ကြာမြင့်နိုင်တယ်လို့ ရိုက်တာသတင်းဌာနကဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်တာဝန်ရှိသူတွေအရေး ယူပေးဖို့ ICC တရားရုံးမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ ကတည်းကစတင်လျှောက်ထားခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ICC တရားရုံး အရှေ့ အဖွဲ့စိစစ်ချက်တွေ အရ မြန်မာစစ်တပ်ဟာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ရခိုင်ပြည်နယ် မှာနေထိုင်တဲ့ ရိုဟင်ဂျာတွေကို နေရပ်စွန့်ခွာထွက်ပြေးအောင်ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့ပြီး၊ ရာဇဝတ်မှုအများအပြား ကျူးလွန်ခဲ့ကြောင်းထင်ရှားတာကြောင့် စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင် ကိုခုလို ဖမ်းဝရမ်းထုတ်ဖို့ လျောက်လွာတင်သွင်းခဲ့တာဖြစ်ပါတယ်။

ကိုးကား – ရိုက်တာ

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times